အ‌ထွေထွေ အကြောင်းအရာများ

မနူဟာဘုရားကြီးသည် အထွတ်စေတီကြီးနှင့် စေတီရံအပါအဝင် (၃၇)ဆူရှိပြီးထီးတော်ပေါင်း(၃၇)ခုတင်လှူထားရှိပါသည်။ ပုဂံတွင်ထီးတော်အရေအတွက် ဒုတိယအများဆုံးတင်လှူရသော ဘုရားကြီးဖြစ်ပါသည်။ ငလျင်မလှုပ်မီ မနူဟာဘုရားကြီး၏ထီးတော်ကြီးမှာ အများပြည်သူများနှင့် ဘုရားဆိုင်ဒါယကာ၊ ဒါယိကာမများ၏ ကောင်းမှုရွှေထီးတော်ကြီးများဖြစ်သည်။ ပုဂံငလျင်လှုပ်ပြီးနောက် ယခင်ရွှေထီးတော်များ ပျက်စီးယိုယွင်းခဲ့သဖြင့် အများပြည်သူတို့ လှူဒါန်းကြသော ငွေထည်ပစ္စည်းမျိုးစုံ အချိန်(၇) ပိဿာကျော်ခန့်ကို အထွတ်စေတီတော်ကြီးအား ငွေထီးတော်ကြီးအသစ်ပြုလုပ်၍စေတီရံများအတွက်လည်း ရွှေချထီးများပြုလုပ်ကာ ဂေါပကအဖွဲ့မှ စည်ကားသိုက်မြိုက် စွာ ရွှေထီးတော်တင်လှူပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
                    ၁၉၉၇-ခုနှစ်တွင်အထွတ်စေတီတော်ကြီးရှိ ငွေထီးတော်ကြီးမှာ အရောင်မှိန်ခဲ့ သဖြင့်ဂေါပကအဖွဲ့နှင့် ဒကာ၊ဒကာမများက ကြေးပြားခံရွှေချ၊ ရွှေထီးသစ်ထပ်မံပြု
လုပ်ကာစေတီရံထီးငယ်များကိုလည်း ရောင်တော်ဖွင့် တင်လှူခဲ့ပါသည်။ နောက်ဆုံးမနူဟာဘုရားကြီးတွင် တင်လှူထားရှိသော ထီးတော်(၃၇)လတ်မှာတိင်္ကြားဦးသန်းလှ
အမှူးပြုသော တိင်္ကြားထီးတော်တင်မိသားစုနှင့် သုံးဆယ်တစ်ဘုံသားများ ကောင်းမှု ဖြစ်သည်။ ထို့ပြင် မနူဟာသပိတ်ကြီးတစ်ခုလုံးကို ရွှေသင်္ကန်းအပြည့်ကပ်လှူခဲ့သည်။ ယခုအခါ ထိုသပိတ်ကြီးအား ဆွမ်းအပြည့်လောင်းလှူသော အလှူရှင်များမှာ ဆုတောင်း ပြည့်ပြီး အဓိဋ္ဌာန်ပြည့်ဝကြောင်း၊ လက်ငင်းအကျိုးပေးကြောင်းများ တွေ့မြင်သိရှိရသော ကြောင့် ယုံကြည်မှုစေတနာသဒ္ဒါတရားထက်သန်ကြသူများမှာ မကြာခဏ ဆွမ်းအပြည့် လောင်းလှူဒါန်းလျက်ရှိပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top