ဖူးမြော်လေ့လာရန်နေရာများ
“>မနူဟာဘုရားကြီးလှိုဏ်အတွင်းတွင်အရှေ့ဘက်မျက်နှာတွင် ပဓာနဆင်းတုတော် ကြီးတစ်ဆူရှိပါသည်။ ဆင်းတုတော်ကြီး၏ ဘေးနှစ်ဘက် ဝဲ/ယာတွင် ဆင်းတုတော် နှစ်ဆူရှိပါသည်။
မနူဟာဘုရားကြီးလှိုဏ်အတွင်းရှိ ပဓာနဆင်းတုတော် ကြီးများ
မနူဟာသပိတ်ကြီး
“>ဘုရားကြီး၏ရင်ပြင်တော်ရှေ့တွင် အာရုဏ်ခံတန်ဆောင်းကြီးရှိပြီး အတွင်း၌ မနူဟာသပိတ်ကြီးရှိပါသည်။ မနူဟာသပိတ်ကြီးသည် ဆင်းတုတော်များ တည်ထားချိန် နှင့်အပြိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆင်းတုတော်ကြီးများ တည်ဆောက်ပြီးစီး၍ ဗုဒ္ဓါ ဘိသေက အနေကဇာတင်ချိန်တွင် ဆွမ်းအပြည့်လောင်း၍ ဆွမ်းကပ်ခဲ့သော သပိတ်ကြီး ဖြစ်ပါသည်။ မနူဟာသပိတ်ကြီး၏ အရွယ်အစားမှာ အကျယ်အဝန်း (၃)ပေ (၁၀)လက်မ၊ အမြင့် (၃)ပေ (၁၀)လက်မ၊ ထု(၁)ပေ (၅)လက်မ ရှိပါသည်။ အောက်သပိတ်ခြေ အပါ အဝင် အမြင့် (၇)ပေ (၅)လက်မခန့်ရှိပါသည်။ သပိတ်ကြီးကို ဆွမ်းလောင်းလှူဒါန်းလိုလျင် ဆန်စိမ်း(၁၇)တင်းချက်၍ရသော ချက်ပြီးဆွမ်း တင်းပေါင်း (၄၀)ခန့် ဝင်ဆန့်ပါသည်။
မနူဟာသပိတ်ကြီးပုံ
နှစ်(၈၀)ကျော် ခေါင်းလောင်းကြီး
ဘုရားအဝင် ယာဘက်တွင် ဦးဘိုးတုတ် လှူဒါန်းခဲ့သော နှစ်(၈၀)ကျော်ခန့်ကခေါင်းလောင်းကြီးတစ်လုံးရှိပါသည်။
<span data-metadata=""><span data-buffer="">တန်ဆောင်းကြီးများ
ဘုရားကြီးအား လက်ယာရစ်ဖူးမြော်မည်ဆိုပါက မြောက်ဘက်ကပ်လျက်တွင် တန်ဆောင်းသစ်ကြီးတစ်လုံး ဆောက်လုပ်လှူဒါန်းထားရှိပါသည်။ ယင်းတန်ဆောင်း အရှေ့ဘက်တွင် အုတ်တန်ဆောင်းကြီးရှိပါသည်။ ထိုတန်ဆောင်းအရှေ့ထိပ် မဟာရံ တံတိုင်း အရှေ့မြောက်ထောင့်တွင် တံခွန်တိုင်ကြီးတစ်ခု တည်ရှိပါသည်။
တန်ဆောင်းသစ်ကြီး
အုတ်တန်ဆောင်းကြီး
လျောင်းတော်မူရုပ်ပွား ဆင်းတုတော်ကြီး
ဘုရားကြီး၏အနောက်ဘက်တွင် ပရိနိဗ္ဗာန်ပြုဟန် လျောင်းတော်မူရုပ်ပွား ဆင်းတုတော်ကြီးတစ်ဆူရှိပါသည်။ လျောင်းတော်မူဘုရားကြီး၏ခြေရင်းဘက်မှ အပေါ် ထပ်သို့တက်ရန် လှေကားတစ်ခုရှိပါသည်။
မနူဟာမင်းကြီးနှင့်မိဖုရား ရုပ်တု နှင့် နတ်နန်း
မနူဟာဘုရားကြီး၏ လက်ဝဲဘက်တွင် မနူဟာမင်းကြီးနှင့်မိဖုရားတို့၏ရုပ်တုကို ထုလုပ်ထားသော အုတ်တန်ဆောင်းကြီးရှိပါသည်။ ယင်းနှင့်ကပ်လျက် သူရဿတိ ပုပ္ပားမယ်ဝဏ္ဏနှင့် ရွှေဖျင်းကြီး ရွှေဖျင်းငယ်နတ်နန်းရှိပါသည်။
မနူဟာမင်းကြီးနှင့်မိဖုရားတို့၏ ရုပ်တု
သူရဿတိ ပုပ္ပား မယ်ဝဏ္ဏနှင့်ရွှေဖျင်းကြီး ရွှေဖျင်းငယ်
မနူဟာဂူဘုရားကြီး၏အပေါ်မှစေတီပေါင်း(၃၇)ဆူ
မနူဟာဂူဘုရားကြီး၏ အပေါ်တွင် ဗောဓိပက္ခိယတရား(၃၇)ပါးကိုရည်မှတ်၍ စေတီပေါင်း(၃၇)ဆူအားတည်ထားခဲ့ပါသည်။
<span data-metadata=""><span data-buffer="">မနူဟာဂူဘုရားကြီး၏အပေါ်မှစေတီပေါင်း(၃၇)ဆူကိုမြင်ရသောပုံ
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved