စေတီတော်ကြီး၏သမိုင်း
ထီးလိုမင်းလိုဘုရား၏သမိုင်း

ထီးလိုမင်းလိုဘုရားကို အေဒီ ၁၂၁၁ခုနှစ်၊ သက္ကရာဇ် ၅၆၉ခုနှစ်၊ တန်ခူးလဆန်း (၁)ရက် ကြာသပတေးနေ့တွင် ဇေယျသိင်္ခ(ခ) နားတောင်းများမင်း(ခ) ထီးလိုမင်းလိုဟူ၍ သုံးမည်ရ မင်းကြီးကတည်ထားသော (၂)ထပ်ဂူ၊ သုံးဆင့်အထိ တက်ရောက်နိုင်သော ဘုရားကြီးဖြစ်သည်။ ခမည်းတော် နရပတိစည်သူမင်းကြီး ကောင်းမှုတော် စူဠာမဏိ ဂူတော်ကြီးနှင့် ပုံစံတူတည်ထားခဲ့သည်ဟုဆိုသော်လည်း ထီးလိုမင်းလိုဘုရားကြီးသည် ပိုမိုလက်ရာပြေပြစ်တင့်တယ်နေသည်ကို တွေ့ရပါသည်။ နားတောင်းများမင်း တည်ထား ခဲ့သော ထီးလိုမင်းလိုဘုရားကြီးကို “ တြိလောကမင်္ဂလာ” (သုံးလောကကျက်သရေ ဆောင်)ဟူ၍ ဘွဲ့အမည်ပေးသော်လည်း ထီးလိုမင်းလိုဘုရား ဘွဲ့အမည်ဖြင့်သာ ထင်ရှား ကျော်ကြားခဲ့ပါသည်။ ထီးလိုမင်းလို(ခ) ဇေယျသိင်္ခမင်း၏ ခမည်းတော် နရပတိစည်သူ မင်းကြီးသည် ထီးမွေနန်းလျာအား သားတော် (၅)ပါး ရှိရာတွင် ဇေယျသိင်္ခမင်းသားအား ထီးနန်းအပ်နှံချင်သော်လည်း မျှတသောစိတ်ထားဖြင့် သားတော် (၅)ပါးအား ဝန်းရံလျက် အလယ်တွင် ထီးဖြူစိုက်၍ အဓိဋ္ဌာန်ပြုကာ အိမ်ရှေ့ဥပရာဇာ ရွေးချယ်ခဲ့ပါသည်။ ထီးနှင့် ခမည်းတော်မင်းကြီး၏ မျက်နှာသာပေးမှုကြောင့် နားတောင်းများမင်းသည် အိမ်ရှေ့ ဥပရာဇာဖြစ်လာခဲ့ပါသည်။ နားတောင်းများမင်း ဘွဲ့အမည်မှာ “ သီရိတြိဘုဝနာဒိတျ ပဝရဓမ္မရာဇာ” ဖြစ်သည်။ နောင်မင်းဖြစ်၍ ဤနေရာတွင် ဘုရားတည်သောအခါ ထီးလိုမင်းလို ဘွဲ့အမည်တွင်ခဲ့ရခြင်း ဖြစ်ပါသည်။
အမျိုးဂုဏ်ဇာတိဂုဏ်
မြန်မာလူမျိုးဖြစ်ရခြင်းနှင့် သာသနာ စတင်မျိုးစေ့ချ ထွန်းကားရာ ပုဂံမြေသို့ ရောက်ရှိ လာရခြင်းကို ဂုဏ်ယူသောစိတ်များလည်း တဖွားဖွားပေါ်ပေါက်လာပြီး သာသနာ့အမွေ၊ အမျိုးဂုဏ်ဇာတိဂုဏ်များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များလည်း ဖြစ်ပေါ်လာပါသည်။
သာသနာတော်ထွန်ကားပြန့်ပွားမှု
ထီးလိုမင်းလိုဘုရားကြီးအား နားတောင်းများမင်းကြီးက တည်ထားကိုးကွယ်ခဲ့ပြီးနောက် ပုဂံခေတ်အဆက်ဆက် ကိုးကွယ်ခဲ့ကြပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved