ဘုရားဖူးလမ်းညွှန် သမိုင်းများ > ဘုရားသမိုင်း ပုဂံမြို့၏သမိုင်း ညောင်ဦးမြို့၏သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ အထွေထွေ ပွဲတော်များ ပန်း(၁၀)မျိုး ဆက်သွယ်ရန် ထီးလိုမင်းလိုဘုရားကြီးအား ဖူးမြော်ရာတွင် ညောင်ဦးပုဂံမြို့ဟောင်းကားလမ်းမှတစ်ဆင့် သွားရာတွင် ညောင်ဦးမြို့မှ (၁)မိုင်ခန့်အကွာ လမ်းမကြီး၏ ဘယ်ဘက်ခြမ်းတွင် တည်ရှိပါသည်။ အနော်ရထာလမ်းမကြီးမှတစ်ဆင့် သွားရောက်ဖူးမြော်ရာတွင် အလိုတော်ပြည့်ဘုရားဘေး မြေနီလမ်းမှလည်း သွားရောက်ဖူးမြော်နိုင်ပါသည်။မုခ်ဦး(၄)ခုရှိသည့်အနက် အရှေ့ဘက်မုခ်ဦးနှင့် မြောက်ဘက်မုခ်ဦးကိုသာ အမြဲဖွင့်လှစ်ထားပါသည်။ ထီးလိုမင်းလိုဘုရားတည်နေရာ ထီးလိုမင်းလိုဘုရားသည် ညောင်ဦးမြို့မှ (၁)မိုင်ခန့်အကွာ ညောင်ဦး-ပုဂံမြို့ ဟောင်းသွား ကားလမ်း၏ လက်ဝဲဘက်ခြမ်းဘေးတွင် တည်ရှိပါသည်။ ကြေညာချက်များ ထီးလိုမင်းလိုဘုရားကြီးအား ဦးခိုက်ပူဇော်သူများသည် ဗုဒ္ဓမြတ်စွာဘုရားအား အဂါရဝ ဖြစ်သော မြန်မာ့ယဉ်ကျေးမှုကို ညှိုးနွမ်းစေသည့် ဘောင်းဘီတို၊ စကပ်အတို၊ ဘေးကွဲ၊ နောက်ကွဲ၊ ရင်ဟိုက်၊ ခါးပေါ်များ ဝတ်ဆင်၍ ဘုရားဖူးခြင်း မပြုကြရန် ပန်ကြားပါသည်။ ဦးခိုက်ပူဇော်လိုပါက ထီးလိုမင်းလိုဘုရားကြီးဂေါပကအဖွဲ့မှ စီစဉ်ထားသော အဝတ်လဲခန်း အတွင်း၌ လဲလှယ်ဝတ်ဆင်ပြီးမှသာ ဖူးမြော်ကြစေရန် မေတ္တာရပ်ခံအပ်ပါသည်။ ထီးလိုမင်းလိုဘုရားကြီးဂေါပကအဖွဲ့ ဖူးမြော်လေ့လာရန်နေရာများ ထီးလိုမင်းလိုဘုရားကြီးအနီးရှိ ဖူးမျော်လေ့လာရန်နေရာများအကြောင်းဖတ်ရှုလိုပါက အောက်ပါ ခလုတ်ကိုနှိပ်၍ဖတ်ရှုနိုင်ပါသည်။ ဖတ်ရှုရန် ဆက်သွယ်ရန် ထီးလိုမင်းလိုဘုရားကြီး နှင့် ပတ်သက်၍ တင်ပြချင်သောအရာများရှိလျှင်သော်လည်းကောင်း၊ သိလိုသောအကြောင်းအရာများရှိလျှင်သော်လည်းကောင်း စေတီတော်ကြီး၏တာဝန်ရှိသူများထံသို့ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်ရန် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဘုရားများလမ်းညွှန် ပင်မစာမျက်နှာ ဘုရားများ ထီးလိုမင်းလိုဘုရားဆိုင်ရာ အဓိကစာမျက်နှာ ဘုရားသမိုင်း မြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ အထွေထွေ ပွဲတော်များ ပန်း(၁၀)မျိုး ဆက်သွယ်ရန် Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved