ဘုရားဖူးလမ်းညွှန်
အလိုတော်ပြည့်ဘုရားကြီးသို့ လာရောက်ဖူးမြော်မည်ဆိုလျှင် ညောင်ဦး-ကျောက်ပန်း တောင်းလမ်းမကြီးမှ ဘုရားနီလမ်းအတိုင်း အနောက်တည့်တည့် (၂)မိုင်ခန့်အကွာ ရောက်သောအခါ “အလိုတော်ပြည့်ဘုရား”ဟူသော ဆိုင်းဘုတ်နှင့်အတူ ဘုရားကြီးကို ဖူးမြော်တွေ့ရှိနိုင်ပါသည်။
အလိုတော်ပြည့်ဘုရားတည်နေရာ
အလိုတော်ပြည့်ဘုရားသည် ညောင်ဦးမြို့၏ တောင်ဘက်တစ်မိုင်ခန့်အကွာ အနော် ရထာလမ်းမကြီး၏ မြောက်ဘက်ဘေးတွင်တည်ရှိပြီး “အလိုတော်ပြည့်ဂူဘုရား” ဟူသော ဆိုင်းဘုတ် စိုက်ထူထားသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။
ဆုတောင်းအဓိဌာန်ပြုနည်း
၁။ သစ်သီး(၉)မျိုး၊ ပန်း(၉)မျိုး၊ ဆွမ်း(၉)ခွက်၊ ရေ(၉)ခွက်၊ ဖယောင်းတိုင် (၉)တိုင်တို့ကို ဘုရားရှင်အား ကပ်လှူခြင်း
၂။ အလိုတော်ပြည့်ဘုရားရှိခိုးဂါထာတော်ဖြင့် ဘုရားရှင်ကို ရွတ်ဆိုပူဇော်ခြင်း
၃။ အနည်းဆုံးငါးပါးသီလခံယူဆောက်တည်ခြင်း
၄။ ဂုဏ်တော်(၉)ပါးကို ပုတီး(၉)ပတ်စိပ်ခြင်း
၅။ မိမိဆန္ဒအတိုင်း တစ်ခုတည်းသော ဆုတစ်ဆုကို ဆန္ဒပြင်းပြစွာတောင်းပါ။
၆။ ဘုရားကိုစောင့်ရှောက်လျက်ရှိကုန်သော ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ သတ္တဝါအနန္တ တို့အား မိမိပြုသမျှသော ကုသိုလ်ကောင်းမှုတို့ကို အမျှဝေခြင်းတို့ဖြစ်သည်။
ရွှေသင်္ကန်းကပ်လှူခြင်း
အလိုတော်ပြည့်ဘုရား၌ ရွှေသင်္ကန်းကပ်လှူရာတွင် ရှေးယခင်က အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်နှင့် တောင်ဘက်ရှိ ဆင်းတုတော်(၄)ဆူလုံးကို ကပ်လှူ၍ ရသော်လည်း ယခုအခါလုံခြုံမှုရှိစေရေးအတွက် အရှေ့ဘက်မုခ်ရှိ ဘုရားဆင်းတုတော်ကိုသာ ကပ်လှူပူဇော်ခွင့်ပေးထားပါသည်။ ကပ်လှူရာတွင်လည်း မျက်နှာတော်နှင့်ဦးခေါင်းတော် တို့ကို ကပ်လှူ၍ မရပါ။ ကျန်သော နေရာများကိုသာ ကပ်လှူ၍ရပါသည်။
ကြေညာချက်
အလိုတော်ပြည့်ဘုရားသည် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အတွက် လူမျိုးပေါင်းစုံ လာရောက်၍ ဖူးမြော်လျက်ရှိပါသည်။ သို့အတွက်ကြောင့် ဘုရား ပေါ်၌ မျက်စိပသာဒ ဖြစ်စေခြင်းငှာလည်းကောင်း၊ ကုသလဓမ္မ-ကုသိုလ်တရားများဖြစ်၍ ၊ အကုသလဓမ္မ-အကုသိုလ်တရားများ မဖြစ်စေခြင်းငှာလည်းကောင်း ရည်ရွယ်၍ အတိုအပြတ် မဝတ်ရ၊ ရိုင်းပျသော အဝတ်အစားများ မဝတ်ရ၊ ဖိနပ်မစီးရ၊ ဆေးလိပ်မသောက်ရဟူသော ကြေညာစာများကိုလည်း ရွေ့လျား၍ရသော သစ်သားပြားပေါ်တွင် ရေးကပ်လျက်ထောင် ထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
ဖူးမြော်လေ့လာရန်နေရာများ
အလိုတော်ပြည့်ဘုရားအနီးရှိ ဖူးမျော်လေ့လာရန်နေရာများအကြောင်းဖတ်ရှုလိုပါက အောက်ပါ ခလုတ်ကိုနှိပ်၍ဖတ်ရှုနိုင်ပါသည်။
ဆက်သွယ်ရန်
အလိုတော်ပြည့်ဘုရားကြီး နှင့် ပတ်သက်၍ တင်ပြချင်သောအရာများရှိလျှင်သော်လည်းကောင်း၊ သိလိုသောအကြောင်းအရာများရှိလျှင်သော်လည်းကောင်း စေတီတော်ကြီး၏တာဝန်ရှိသူများထံသို့ဆက်သွယ်နိုင်ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved