ဖူးမြော်လေ့လာရန်နေရာများ
ဣစ္ဆာသယညီနောင် ဆင်းတုတော်
. ပုဂံပြည့်ရှင်အနော်ရထာမင်းကြီးမှ ထူးခြားစွာ ကျောက်သားတစ်တုံးစီဖြင့် ထုလုပ် ထားသော ဣစ္ဆာသယညီနောင် ဆင်းတုတော်နှစ်ဆူတို့အား လောကနန္ဒာဘုရားရင်ပြင် အရှေ့တောင်ဘက်တွင် ဖူးမြော်ကြည်ညိုနိုင်ပါသည်။
ဆုတောင်းပြည့်ဘုရား
. လောကနန္ဒာစေတီတန်ဆောင်းအတွင်းရှိ ကျောက်ဗုဒ္ဓဆင်းတုတော်ကြီးမှာ ပလ္လင်နှင့် တစ်ဆက်တည်း အမြင့်ပေ (၇)ပေရှိပြီး ကျောက်တစ်လုံးတည်းဖြင့် ထုလုပ်ထားသည့် ဆုတောင်းပြည့်ဘုရားကြီးဖြစ်ပါသည်။
. လက်အနေအထားကို လက်နှစ်ဖက်ထပ် ဈာန်ဝင်စား နေဟန် ဈာနမုဒြာ ထုလုပ်ထားပါသည်။
. ခြေဖဝါးနှင့် လက်ဖဝါးတို့တွင် ကြာပွင့်ပုံတစ်ပုံစီပါရှိပြီး အလွန်မာသော သဲကျောက်တုံးကြီးများကို အသုံးပြုထားပါသည်။
. ဦးခေါင်းဆံတော်များကို ဆံတော်အရစ်များ မပြုလုပ်ဘဲ လေးထောင့်ကွက်များ ပြုလုပ်ပါသည်။ ထိုဆုတောင်းပြည့် ဘုရားသည် ပြည့်ငါးပြည့်ဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်ပြီး ဘုရားဖူးပြည်သူများ လာရောက်ဖူး မြော်ကြသည့် ဆုတောင်းပြည့်ဘုရားတစ်ဆူအဖြစ် အထူးထင်ရှားပါသည်။
အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်ဘုရား
လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံမြို့သစ်၊ သီရိပစ္စယာရပ်တွင် ဖူးမြော်နိုင်ပါသည်။ လောကနန္ဒာဘုရားသို့ သွားရာလမ်းတွင် အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်ဘုရားနှစ်ဆူကို ဖူးမြော်နိုင်ပါသည်။

အရှေ့ဖက်လိပ်ဘုရား

အနောက်ဖက်လိပ်ဘုရား
မဇီးကွက်စိန်ကျောက်စာတိုင်
တစ်ချိန်က ထူးခြားထင်ရှားခဲ့သော မဇီးကွက်စိန်၏ အရပ် (၈)ပေ ကျောက်တိုင်ကိုလည်း လေ့လာနိုင်ပါသည်။

ရင်ပြင်ရှိ ကြေးမောင်း
လောကနန္ဒာဘုရားရင်ပြင်တော် အင်္ဂါထောင့်၌ အချင်း(၉)ပေရှိ ကြေးမောင်းကြီး ကိုလည်း မြင်တွေ့နိုင်ပါသည်။

လောကနန္ဒာဘုရား ခြေတော်ရာ
. လောကနန္ဒာဘုရားမှရသော (၁၀၈)ကွက်ပါ ခြေတော်ရာကျောက်ပြားကြီးသည် ဘေးပတ်လည် ဝန်းရံထားခြင်းမရှိပါ။
. ခြေချောင်းများတွင်မူ ခြေဗွေအရေး အကြောင်းများ ပါရှိပါသည်။ ခြေတော်ရာကျောက်ပြားမှ ဝဲဘက်တွင် အစိတ်အပိုင်း အနည်းငယ် ပဲ့ထွက်ပြီး ယနေ့တိုင်ရှာမရသေးပါ။
. ကျောက်ပြားမှာ သုံးပိုင်းဖြစ်နေပါသည်။ ခြေတော်ရာ၏ အတိုင်း အတာမှာ အလျား ၅ပေ X အနံ ၂ ပေ ၅လက်မ၊ ထု ၂ ရှိပါသည်။
. ၎င်း၏ စက်လက္ခဏာ ရုပ်ပုံများကို ယခုပုဂံပြတိုက်တွင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်
အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။
. ခြေတော်ရာ၏ ထူးခြားချက်မှာ နေနှင့်လ ပုံအတွင်းတွင် မြင်းနှင့်ယုန်ပုံဖော်ထားပါသည်။
. နေပုံတွင် မြင်းရုပ်ထည့်ထားခြင်းမှာ နေရထားကို မြင်းတစ်ထောင်ဖြင့်ဆွဲသည်ဟု ရှေးကယုံကြည်ကြသောကြောင့် မြင်းတံဆိပ်ခပ်နှိပ်ရခြင်း ဖြစ်ပေသည်။
နဂါးသိုက်နန်း
. လောကနန္ဒာစွယ်တော်မြတ်စေတီကြီး၏ တောင်ဘက်တွင် နဂါးသိုက်နန်းရှင်အစ်ကိုတော် အမတော်သိုက်နန်းရှိပါသည်။
. လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးကို စောင့်ရှောက် နေသည့် နဂါးမောင်နှမ (နာဂ) သိုက်နန်းဖြစ်ပါသည်။
ကျောက်စာတိုင်နှစ်တိုင်
. လောကနန္ဒာဘုရားကုန်းတော်ပေါ်တွင် ကျောက်စာတိုင်နှစ်တိုင်ရှိပါသည်။
. မြောက်ဘက် အမှတ်(၁)ကျောက်စာတိုင်မှာ စာနှစ်မျက်နှာဖြစ်ပြီး ပါဠိနှင့်မြန်မာနှစ်ဘာသာရေးထိုးထားပါ သည်။
. တိုင်းရင်းမြန်မာကျောက်စာများ ၆၅(က-ခ)ဖြစ်ပြီး ဂံ-ယ-ဝ ၂၀၅/၂၁၆ စာရင်း ၂၀၉ တွင် ဖော်ပြထားပါသည်။
. ၎င်းကျောက်စာမှာ မဟာဒါနပတိအမတ်၏ ကျောက်စာဖြစ်ပါသည်။
. တောင်ဘက် အမှတ်(၂) ကျောက်စာတိုင်မှာ တစ်မျက်နှာဖြစ်ပြီး မြန်မာဘာသာဖြင့် ရေးထိုး ထားပါသည်။
. ၎င်းကျောက်စာမှာ တိုင်းရင်းမြန်မာကျောက်စာများ ဒုတိယတွဲ ၁၆၀/က ဖြစ်ပြီး ဂံ = ယ = ဝ ၁၁၂- ၁၁၃၊ စာရင်း ၂၇၃/ခ တွင် ဖော်ပြထားပါသည်။
. စာကြောင်းရေ (၂၀)ပါရှိပြီး လောကနန္ဒာဘုရားအတွက်လှူသော ကျွန်စာရင်းဖြစ်၍ လောကနန္ဒာဘုရားနှင့်သက်ဆိုင်သော ကျောက်စာဖြစ်ပါသည်။
ကြောင်နံ့သာအင်း
လောကနန္ဒာဘုရားနှင့်ပတ်သက်၍ သက်ကြီးစကားသက်ငယ်ကြား အဆင့်ဆင့်မှတ်သား ပြောဆိုလာခဲ့သောအဆိုတစ်ခုရှိပါသည်။ ၎င်းတို့မှာ “ ရွာက – သီရိပစ္စယာ၊ ဘုရားက – လောကနန္ဒာ၊ အင်းမှာ – ကြောင်နံ့သာ၊ ချောင်းမှာ – နေရဉ္စရာချောင်းနှင့်ဥယျာဉ်တော်ကြီး…..”
လောကနန္ဒာဘုရားအရှေ့ဘက်ရှိ အင်းကြီးမှာထူးဆန်းပါသည်။ အင်းထဲတွင် ငါးများ ရှိသော်လည်းမည်သည့်အခါမျှ ငါးရှာစားသောက်သော ဗျိုင်းများမကျဟုသိရပါသည်။ အင်းမှာ ကတိုးနံ့မွှေးခြင်း၊ ချောင်းမှာ သာမောဖွယ်ရှိခြင်းတို့ကြောင့် ထိုသို့အဆိုပြုခြင်း ဖြစ်သည်။ အင်းထဲတွင် ရှင်ဥပဂုတ္တမထေရ်၏ ကျောင်းဆောင်ကိုသွားနိုင်ရန် သပ်ရပ်ခိုင်ခံ့ သော သစ်သားတံတားရှိပေရာ လွန်စွာလိုက်ဖက်သော စိတ်ကူးပင်ဖြစ်ပါသည်။

လောကနန္ဒာဘုရားရှိ ဧရာဝတီမြစ်ရှုခင်း
. လောကနန္ဒာဘုရားရင်ပြင်တော်ပေါ်မှ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ တန့်ကြည့်တောင် စွယ်တော်မြတ်စေတီကို ဖူးမြော်နိုင်ပြီး ကျွန်းချောင်းဓာတ်မြေဩဇာစက်ရုံနှင့် ဧရာဝတီမြစ်၏ ရှုခင်းအလှများလည်း စိတ်ကြည်နူးဖွယ် ကြည့်ရှု့ခံစားနိုင်ပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved