ပွဲတော်များ
ဓမ္မရာဇကဘုရားပွဲ
ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ အရံဂူ (၅)ခုအနက် အရှေ့ဘက်ဂူအတွင်း အာရုဏ်ခံမုခ် မြောက်ဘက်နံရံတွင် ရေးထိုးထားသောမင်စာမှာ ဘုရားပွဲကျင်းပပုံမှတ်တမ်း လင်္ကာဖြစ်ကြောင်းနှင့် ရေးထိုးထားသောခုနှစ်မှာ ၉၈၁ ခုနှစ် အင်းဝခေတ် အနောက်ဘက်လွန် မင်းလက်ထက်ဖြစ်ကြောင်းနှင့် ထိုမင်စာသည် ဓမ္မရာဇကဘုရားပွဲကျင်းပရာသို့ လုံမပျို၊ လုလင်ပျိုတို့ အဆို၊ အက၊ အတီးအမှုတ်ဖြင့် သွားကြပုံ မင်စာလင်္ကာသွားဖြင့် ရေးစီထားသည် ကိုတွေ့ရပါသည်။
ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ နှစ်စဉ်ဘုရားပွဲတော်ကို ပြာသိုလတွင် သူဌေး ကန်၊ အရှေ့ဖွားစော၊ အနောက်ဖွားစော ရွာ (၃)ရွာစုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပ ကြပါသည်။ ဘုရားပရိဝုဏ်အတွင်း၌ ပြာသိုလဆန်း (၃) ရက်နေ့မှ (၇)ရက်နေ့အထိ၊ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖက်ပူဇော်ပွဲ ကျင်းပပါသည်။ ပြာသိုလဆန်း (၇) ရက်နေ့ ညနေခင်း အချိန်တွင် ရွာသုံးရွာမှ ဘုရားကြီးအား ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲများ ကျင်းပပါသည်။ ကုသိုလ်ရှင်များက ဘုရားပွဲလာ ပရိသတ်များအား သာကူ၊ ဆန်ပြုတ်၊ မုန့်ဟင်းခါး စတုဒီသာ များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြပါသည်။ ပြာသိုလဆန်း (၈) ရက်နေ့တွင် ပင့်သံဃာ အရှင်သူမြတ်တို့အား ဆွမ်းသပိတ်လုံးများ ဆက်ကပ်လှူဒါန်းကြပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved