ပန်း(၁၀)မျိုး

ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ ပထမပစ္စယံ၊ ဒုတိယပစ္စယံ၊ တတိယပစ္စယံ သုံးဆင့်ပတ်လည်တွင် (၅၅၀)နိပါတ်တော် စဉ့်ရုပ်ချက်များဖြင့် စီခြယ်တပ်ဆင်ထားသည်။ ပထမပစ္စယံ၏ အရှေ့မျက်နှာလှေကား တောင်ဘက်မှစ၍ လက်ျာရစ် ကြည့်ရှုလေ့လာနိုင်ပါ သည်။

(၅၅၀)နိပါတ်တော်စဉ့်ရုပ်ချက်များ

ဓမ္မရာဇကစေတီတော်မြတ်ကြီးသည် ပုဂံတွင် ငါးမျက်နှာဘုရားပေါင်း (၁၆)ဆူရှိ သည့်အနက် အကြီးဆုံး (၅)မျက်နှာစေတီကြီးဖြစ်သည်။ ကြေးဂူတိုက် (၅)ခုအတွင်းမှ နံရံဆေးရေး ပန်းချီများကိုလည်း ရေးချယ်ပူဇော်ထားသည်ကို တွေ့ရပါသည်။

ကြေးဂူတိုက် (၅)ခုအတွင်းမှ နံရံဆေးရေး ပန်းချီများ

စေတီတော်မြတ်ကြီးရှိ ကြေးဂူတိုက်(၅)ခု၏ အပြင်ဘက်နံရံများတွင် ဘီလူးပန်း ဆွဲရုပ်ကြွများနှင့် တန်ဆာဆင်ထားသော ပုဂံခေတ်ဗိသုကာပညာကို လေ့လာနိုင်ပါသည်။

ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ အင်္ဂတေရုပ်ကြွများပုံ

စေတီတော်မြတ်ကြီး၏ ပထမပစ္စယံနှင့် ဒုတိယပစ္စယံတွင် ကာလသာပန်းအိုးများ ဖြင့် တပ်ဆင်ပူဇော်ထားသည်ကိုလည်း လေ့လာမြင်တွေ့နိုင်ပါသည်။

ကာလသာပန်းအိုး

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top