ဘုရားဖူးလမ်းညွှန်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဗူးဘုရားစေတီတော်မြတ်ကြီးအား ဖူးမြော်နိုင်ရန် ညောင်ဦးမြို့လေယာဉ်ကွင်းလမ်းဆုံမှ ပုဂံမြို့သစ်အထိ (၃ ၁/၂)မိုင်ရှိသော လမ်းကြောင်းမှလည်းကောင်း၊ ပုဂံမြို့သစ်မှတစ်ဆင့် ပုဂံမြို့ဟောင်းအထိ (၃)မိုင်ခန့်ရှည် သည့် လမ်းအတိုင်းလည်းကောင်း လာရောက်ဖူးမြော်နိုင်ပါသည်။ ညောင်ဦးမြို့နှစ်လမ်းသွား ဖြစ်သည့် အနော်ရထာလမ်းမမှ ပုဂံမြို့ဟောင်းအဝိုင်းလမ်းဆုံအထိ (၃ ၁/၂)မိုင်အရှည်ရှိသည့် လမ်းမှ ဗူးဘုရားအထိလည်းကောင်း၊ ညောင်ဦးမြို့တွင်းလမ်းအတိုင်း (၃)မိုင်ခန့်ရှည်သည့် လမ်းအကြောင်းအတိုင်းလည်းကောင်း၊ ကား၊ ဆိုင်ကယ်၊ E-bike၊ မြင်းလှည်းများဖြင့် လာရောက်ဖူးမြော်နိုင်ပါသည်။
          ရေလမ်းကြောင်းဖြစ်သည့် ဧရာဝတီမြစ်အတွင်းမှလည်းကောင်း စက်လှေ၊ မော်တော်၊ သင်္ဘောများဖြင့် လာရောက်ဖူးမြော်နိုင်ပါသည်။

ဗူးဘုရားစေတီတော်မြတ်ကြီးတည်နေရာ

ဗူးဘုရားစေတီတော်မြတ်ကြီးသည် ပုဂံမြို့ဟောင်း၊ ညောင်ဦး – ချောက်သွားကားလမ်း၏ ညာဘက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပါသည်။

ဖူးမြော်လေ့လာရန်နေရာများ

ဗူးဘုရားစေတီတော်မြတ်ကြီးအနီးရှိ ဖူးမျော်လေ့လာရန်နေရာများအကြောင်းဖတ်ရှုလိုပါက အောက်ပါ ခလုတ်ကိုနှိပ်၍ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်

ဗူးဘုရားစေတီတော်မြတ်ကြီး နှင့် ပတ်သက်၍ တင်ပြချင်သောအရာများရှိလျှင်သော်လည်းကောင်း၊ သိလိုသောအကြောင်းအရာများရှိလျှင်သော်လည်းကောင်း စေတီတော်ကြီး၏တာဝန်ရှိသူများထံသို့ဆက်သွယ်နိုင်ပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top