ဖူးမြော်လေ့လာရန်နေရာများ

တန်ဆောင်းအတွင်းရှိ ဆင်းတုတော်

ဗူးဘုရားစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုရာတွင် ပထမဦးစွာ အာရုဏ်ခံတန်ဆောင်းအတွင်းရှိ ဆင်းတုတော်(၃)ဆူအား ဖူးမြော်ကြည်ညိုနိုင်ပါသည်။

ပုဂံခေတ်ဆင်းတုတော်

ဆင်းတုတော်(၃)ဆူအနက် ပုဂံခေတ်လက်ရာဖြစ်သည့် ၁၁ရာစု ဆင်းတုတော်တစ်ဆူ သည် လွန်စွာကြည်ညိုဖွယ်ရာဖြစ်သည့်အပြင် ပုဂံခေတ်လက်ရာများမှာလည်း အလွန်ပင် ပြောင်မြောက်လှပါသည်။

ကျောက်ထီးမိုးဆင်းတုတော်

တန်ဆောင်းတော်၏အနောက်ဘက်တွင် ဗူးဘုရားစေတီတော်မြတ်ကြီး တည်ထားသည့် အတွက် စေတီတော်အား လက်ယာရစ်၊ လက်ဝဲရစ် လှည့်လည်ဖူးမြော်ကြည်ညိုနိုင်ပါသည်။ စေတီတော်၏ အနောက်တောင်ထောင့်တွင် ကျောက်ထီးမိုးဆင်းတုတော်တစ်ဆူ ဖူးမြော် ကြည်ညိုနိုင်ရန် တွေ့ရှိရမည်ဖြစ်ပါသည်။ ၎င်းဆင်းတုတော်သည်လည်း နှစ်ပေါင်း (၇၀) ကျော်ခန့်ရှိသည်ဟု သိရှိရပါသည်။

ဘိုးဘိုးကြီးရှင်မုန်တိုင်း နတ်နန်း

ဗူးဘုရားစေတီတော်၏ တောင်ဘက်တည့်တည့်အရပ် ညောင်ပင်၏အောက်တွင် ဘိုးဘိုးကြီးရှင်မုန်တိုင်း နတ်နန်းရှိပါသည်။ ဘိုးဘိုးကြီးရှင်မုန်တိုင်းနတ်သည်လည်း ခရီးသွား ပြည်သူများနှင့် ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများအား စောင့်ရှောက်မစသည်ဟု ယုံကြည် လျက် ဒေသခံများနှင့် ဘုရားဖူးလာကြသူများမှ ပူဇော်ပသလျက်ရှိပါသည်။

ဧရာဝတီမြစ်အလှရှုခင်း

ဗူးဘုရားစေတီတော်၏ အနောက်ဘက်ရင်ပြင်တော်မှ စွယ်တော်(၄)ဆူတွင် တစ်ဆူ  အပါအဝင်ဖြစ်သော တန့်ကြည့်တောင်စေတီတော်မြတ်ကြီးအားလည်း အဝေးမှနေ၍ ဖူးမြော် ကြည်ညိုနိုင်ပါသည်။ ဆည်းဆာနေဝင်ချိန်များတွင်လည်း ဗူးဘုရားစေတီတော်၏ ရင်ပြင်မှ နေဝင်ဆည်းဆာရှုခင်းအား ကြည့်ရှုမည်ဆိုလျှင် အလွန်လှပသောရှုခင်းအား တွေ့မြင်နိုင်ပါ သည်။ ထို့အပြင် ဗူးဘုရားရင်ပြင်မှလည်းကောင်း၊ စိန်တောင်ပတ်လမ်းမှလည်းကောင်း၊ ဧရာ ဝတီမြစ်အတွင်းရှိ လှပသော ရှုခင်းများ ကြည်ရှုနိုင်ပါသည်။

ဧရာဝတီမြစ်အလှရှုခင်း

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top