အ‌ထွေထွေ အကြောင်းအရာများ

ယခုလက်ရှိ တင်လှူထားသော ရွှေထီးတော်ပုံ

တုရင်တောင်ထီးတော်

            သက္ကရာဇ် ၇၃၀-အင်းဝမင်းကြီး တရဖျား(မင်းကြီးစွာစော်ကဲ)လက်ထက် ရေးထိုးသော ကျောက်စာ တစ်ချပ်မှာ အလွန်ခိုင်လုံတိကျသော အထောက်အထားဖြစ်ပါသည်။ ထိုကျောက်စာမှာ ယခုမန္တလေး နန်းမြို့တွင်းရှိ ကျောက်စာရုံအတွင်း အမှတ်(၈)ကျောက်စာဖြစ်သည်။ ထိုကျောက်စာကို ၂၀၀၀ ခုနှစ် တွင် တာဝန်ယူဆဲဖြစ်သော ဂေါပကအဖွဲ့ဝင်များ ကြိုးစားအားထုတ်မှုဖြင့် မူလကျောက်စာကို ပုံတူပြု၍

           တုရင်တောင်ထိပ်ရှိ ကျောက်စာရုံတွင် စိုက်ထူထားရှိပါသည်။  အစဉ်အဆက် တပည့်တပန်းများ၊ ရွာသူ ရွာသားများစောင့်ရှောက်လာခဲ့သော စေတီတော်မြတ်ကြီးသည် ၁၃၃၇ ခု၊ ဝါဆိုလဆန်း ၁ ရက်၊ ၁၉၇၅ ခု၊ ဇူလိုင်လ ၈ ရက်၊ အင်္ဂါနေ့တွင် ပြင်းထန်စွာ လှုပ်ရှားခဲ့သော ငလျင်ဒဏ်ကြောင့်ပြိုကျ ပျက်စီးခဲ့ရပြန် ပါသည်။

           ထိုကဲ့သို့ ပြိုကျပျက်စီးသွားခဲ့သော စေတီတော်မြတ်ကြီးကို ဘုရားပတ်ဝန်းကျင်ရှိ သံဃာတော် များ၊ ရွာနီးချုပ်စပ် မိဘပြည်သူများနှင့် ရပ်ဝေးရပ်နီး မိဘပြည်သူများ ဝိုင်းဝန်းအားပေးလှူဒါန်းကြသဖြင့် ၁၃၃၈ခု၊ ဝါခေါင်လဆန်း ၁၁ ရက်နေ့၌ ထပ်မံပြုပြင်တည်ဆောက်လာခဲ့ရာ ယင်းနှစ် တန်ခူးလဆန်း ၁၄ ရက်နေ့တွင် အောင်မြင်ပြီးစီးခဲ့ပါသည်။ ယခုလက်ရှိ မြင်တွေ့နေရသော တုရင်တောင်စွယ်တော်ရှင် စေတီတော်၏ ထီးတော်မြတ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောင်ရေးအဖွဲ့၊ ကုန်သွယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်နှင့် ဇနီး ဒေါ်နီနီတို့တင်လှူထားသော ထီးတော်ပင် ဖြစ်ပါသည်။ မူလထီးတော်ဟောင်းကို ဖယ်ပစ်ပြီး ကြေးဖြင့် ပြုလုပ်သော ရွှေထီးတော်ကြီးကို တင်လှူခဲ့ပါသည်။

တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်

နှစ်စဉ်နှစ်တိုင်း တော်သလင်းလဆန်း(၁၄၊ ၁၅) ရက်နေ့များတွင် တုရင်တောင်စေတီတော်မြတ် ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ကျင်းပပြုလုပ်လျှက်ရှိပါသည်။ တော်သလင်းလဆန်း (၉) ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်တိုင်တိုင် အသံမစဲမဟာပဌာန်းပွဲများကို ကျင်းပပါသည်။ (၁၅)ရက်နေ့ နံနက် တွင် တုရင်တောင်ဘုရားကြီး၏ ရင်ပြင်တော်၌ ပင့်သံဃာ (၇၆) ပါးတို့ဖြင့် စေတီတော်ကြီးအား ဗုဒ္ဓါ ဘိသေကအနေကဇာတင်ခြင်းနှင့် ပင့်သံဃာတော်တို့အား  ဆွမ်းသပိတ်လုံးများ၊ ပဒေသာပင်များကို လောင်းလှူကြပါသည်။

တုရင်တော်စွယ်တော်မြတ်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေမှုမှတ်တမ်း

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top