ပန်း(၁၀)မျိုး
ဗူးဘုရားစေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ခဲ့သော ပျူစောထီးမင်းသည် ဦးစွာပထမ ပျူခေတ်လက်ရာများဖြင့် ဖိနပ်ခုံ၊ စိန်တောင်တန်းများ ပါဝင်လျက်တည်ထားခဲ့ပါ သည်။ ကုန်းဘောင်ခေတ်တွင်လည်း တစ်ကြိမ်ပြန်လည် ပြုပြင်မွမ်းမံခဲ့ပြီး ကုန်းဘောင်ခေတ် ရှေးဟောင်းပစ္စည်းများ ဌာပနာခဲ့သည့်အတွက် ကုန်းဘောင်ခေတ်မြန်မာမှုအနုလက်ရာများ တွေ့ရှိခဲ့ရပါသည်။ ကုန်းဘောင်ခေတ်တန်ဆောင်းအား ပြန်လည်ပြုပြင်ခဲ့သည့်အတွက် ဓာတ်ပုံမှတ်တမ်းဖြင့်သာ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။၁၉၇၅ခုနှစ် ငလျင်လှုပ်ပြီး ပြန်လည်ပြုပြင်ခဲ့ရာ အဝင်မုခ်ဦး၊ ပန်းတော့၊ ပန်းတမော့ လက်ရာများ၊ ခြင်္သေ့နှင့် တန်ဆောင်း တော်ကြီး၏ မြန်မာမှုအနုလက်ရာများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved