ဖူးမြော်လေ့လာရန်နေရာများ
ဘုရားအနီးရှိ ကြေးဂူတိုက်အတွင်းမှ ဆုတောင်းပြည့်ဘုရား
ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ အရှေ့ဘက်ကြေးဂူတိုက်အတွင်းမှာ အနော်ရထာ မင်းလက်ထက်တွင် ထုလုပ်သော ဉာဏ်တော် (၅)ပေခန့်ရှိ အဓိဋ္ဌာန်ဆုတောင်းပြည့် ရေသွန်း ခံကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူကို ဖူးတွေ့နိုင်ပါသည်။ ဆုတောင်းပြည့် ကျောက်ဆင်းတုတော်မှာ ရေသွန်းခံရုပ်ပွား ဆင်းတုတော်ကြီးဖြစ်ရာ မိုးခေါင်သောအခါ၌ အနီးအနားရှိ ရွာများမှ ယာသမားများ လာရောက်ရေသွန်း (ရေသပ္ပာယ်)ရုံနှင့် မိုးရွာခြင်း များဖြစ်ပေါ်သည့် ထူးခြားမှုများကိုတွေ့ရပါသည်။
တောင်ဘက်ကြေးဂူတိုက်အတွင်း၌လည်း ထိုဆင်းတုတော်ကြီးနှင့် ပုံတူ (၃) ပေ သာသာခန့် ကျောက်ရုပ်ပွားတော် (၁) ဆူကိုလည်းဖူးတွေ့နိုင်ပါသည်။ တောင်ဘက်ကြေးဂူ တိုက်အတွင်းရှိ ဆုတောင်းပြည့်ကျောက်ဆင်းတုတော်မှာ ရွှေသင်္ကန်း ကပ်လှူသူမှန်သမျှ အဓိဋ္ဌာန်ဆုတောင်းပြည့်ကြပါသည်။ ပုဂံတွင် အနောရထာမင်းလက်ထက် အဓိဋ္ဌာန်ဆုတောင်းဆင်းတုတော် (၅)ဆူရှိရာ ဓမ္မရာဇကစေတီတော်မြတ်ကြီးတွင် (၂) ဆူ ပါဝင်သည်ကို ဖူးတွေ့ ကြည်ညိုနိုင်ပါသည်။
ကြေးဂူတိုက်များအတွင်းရှိ ဆုတောင်းပြည့်ဘုရားများပုံ
အရှေ့ဘက်ကြေးဂူတိုက်အတွင်းရှိ ဆုတောင်းပြည့်ဘုရားပုံ
တောင်ဘက်ကြေးဂူတိုက်အတွင်းရှိ ဆုတောင်းပြည့်ဘုရား
အနောက်တောင်ဘက်ကြေးဂူတိုက်အတွင်းရှိ ထိုင်တော်မူတစ်ဆူပုံ
အရှေ့မြောက်ဘက်ကြေးဂူတိုက် အတွင်းရှိ ထိုင်တော်မူတစ်ဆူပုံ
အနောက်မြောက်ဘက်ကြေးဂူတိုက်အတွင်းရှိ ထိုင်တော်မူတစ်ဆူပုံ
အရှေ့ဘက်ကြေးဂူတိုက် အတွင်းရှိ ထိုင်တော်မူတစ်ဆူပုံ
တောင်ဘက်ကြေးဂူတိုက် အတွင်းရှိ ထိုင်တော်မူတစ်ဆူပုံ
ဓမ္မပါလစစ်သူကြီး နတ်နန်း
ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ အနောက်ဘက်တွင် ဘုရားကြီးအား ကွယ်လွန် အနိစ္စရောက်သည့်အချိန်မှ ယနေ့အချိန်တိုင် စောင့်ရှောက်နေသော ဓမ္မပါလစစ်သူကြီး နတ်နန်းကိုလည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
ဓမ္မပါလစစ်သူကြီး နတ်နန်းပုံ
ဓမ္မသာလာတန်ဆောင်း
ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ် ဘုရားကြီးအဝင်လမ်း အနောက်ဘက်တွင် ဓမ္မပါလစစ်သူကြီးဇနီးမောင်နှံ၏ ကောင်းမှု မြန်မာမှုအနုလက်ရာများဖြင့် ဆန်းကြယ်စွာ တန်ဆာဆင်ဆောက်လုပ်ထားသော ဓမ္မသာလာတန်ဆောင်းကိုလည်း ဝင်ရောက် လေ့လာနိုင်ပါသည်။
ဓမ္မသာလာတန်ဆောင်း ပုံ
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved