ဖူးမြော်လေ့လာရန်နေရာများ
ဗုဒ္ဓခြေတော်ရာ
ဗုဒ္ဓခြေတော်ရာကို ၁၃၈၄ ခုနှစ်တွင် နွားဦးတိုက်ဆရာတော်အမှူးပြု၍ ဦးစိတ္တအောင်၊ ဦးသုခအောင် ဦးဝဏ္ဏအောင်၊ ဒေါက်တာအေးဖြူအောင်၊ မယဉ်မျိုးတင့်အောင် မြေး မောင်မင်းသီဟ၊ မမြတ်နိုးအောင်၊ မလီလီအောင် မိသားစုမှလှူဒါန်းပြီး ဗုဒ္ဓခြေတော်ရာကျောင်းဆောင်ကို ကျောက်ဆည်မြို့၊ ရဲစုရပ် ဦးအောင်ကြည်+ ဒေါ်ပို၊ ဦးစိန်ပြည်တိုး+ ဒေါ်ဖြူဖြူဝင်း၊ အမှူးထား၍ ကိုမောင်အေး+ မပန်းမြတ်ဖြူ သမီး မဆုမြတ်သွန်းဆင့်၊ မဆုမြတ်သီရိ မိသားစုမှ လှူဒါန်းပူဇော်ထားပါသည်။
ရှင်အရဟံရဟန္တာနှင့်အနော်ရထာ
မဟာရွှေသိမ်တော်မြတ်စွာဘုရား ရင်ပြင်တော်အနောက်မြောက်ဒေါင့်ရှိ အရှင်အရဟံရဟန္တာမထေရ်
မြတ်သည် အနော်ရထာဘုရင်မင်းမြတ်အား စေတီတော်နှင့်သိမ်သမုတ်ရန်နေရာညွှန်ပြနေသည့်ပုံ။
အနော်ရထာလက်ဆေးကန်
မဟာရွှေသိမ်တော်မြတ်စွာဘုရား အရှေ့မြောက်ဒေါင့်တွင်ရှိသော ရေကန်မှာမူ အနော်ရထာဘုရင် မင်းမြတ်ကိုယ်တော်တိုင် လက်ဆေးသန့်စင်တော်မူသော ကန်ငယ်ဖြစ်ပြီး လက်ရှိဂေါပကအဖွဲ့မှ မြေပေါ်သို့ မြှင့်တင်လျက် ပြုပြင်မွမ်းမံ၍ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးရွာ ဦးချစ်မြိုင်+ ဒေါ်တင်လှိုင် အမှူးထား၍ ဦးချစ်ညွန့်+ ဒေါ်မြမြအေး မိသားစုမှလှူဒါန်းထားပါသည်။
ကေသီဦးဓမ္မာရုံ
ကေသီဦးဓမ္မာရုံကြီးသည် ကျောက်ဆည်မြို့နယ်၊ ပြည်လုံးနိုင်ရပ်ကွက်နေ ဦးမျိုးသန့်+ ဒေါ်အေးကြိုင် ကေသီဦး မိသားစုမှ ၁၃၇၆ ခုနှစ်တွင် အရှေ့အနောက်(၁၂၀)ပေ၊ တောင်မြောက်(၅၅)ပေရှိ ကေသီဦးဓမ္မာရုံ ကြီးအား ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဤဓမ္မာရုံကြီးပေါ်တွင် တရားပွဲများကျင်းပခြင်း၊ အလှူပွဲများကျင်းပခြင်း၊ဘုရားဖူးများစိတ်အေးချမ်းစွာနားနေလျက်ရှိကြပါသည်။
အောင်ခေါင်လောင်းတော်နှင့်အောင်မောင်းတော်
အောင်ခေါင်လောင်းတော်နှင့်အောင်မောင်းတော်ကြီးကို ဘုရားဖူးပြည်သူအများ ဘုရားတွင် လှူဒါန်း ဆုတောင်းပြီးသည့်အခါ အမျှတမ်းများပေးဝေခြင်း၊ တောင်းသောဆုများပြည့်ဝအောင်မြင်စေရန် အောင် ခေါင်လောင်းတော်နှင့် အောင်မောင်းတော်ကြီးများ တီးလေးရှိကြပါသည်။ အောင်ခေါင်လောင်းတော်နှင့် အောင်မောင်းတော်ကြီးကို ၂၀၁၈ ခုနှစ်တွင် ဦးထွန်းမင်းဇော်(ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူး) + ဒေါ်ခင်သန်းမြင့်(ကထိကပထဝီဝင်ဌာန) သမီးမအေးမြမြမွန်၊ မခင်ငွေစင်ဝေ သား မောင်အောင်ကောင်းသန့် မိသားစုမှလှူဒါန်းပူဇော်ထားပါသည်။
အရှေ့မုခ်ခြင်္သေ့ကြီးနှစ်ကောင်
မဟာရွှေသိမ်တော်မြတ်စွာဘုရား အရှေ့မုခ်ခြင်္သေ့ကြီးနှစ်ကောင်အား ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးရွာဦးဘသစ်+ဒေါ်သန်းရီ(သား)ကိုအောင်သိန်းဆွေ မိသားစုနှင့် ရန်ကုန်မြို့ ဦးကျော်သိန်းစိုး + ဒေါ်ဂျာလု(သမီး)မသီရိမြတ်မဉ္ဇူ(သား)မောင်ကောင်းဟိန်းထက် (သမီး) မသီရိလင်းလင်းထွန်း မိသားစုတို့မှ ၅-၈-၂၀၁၈ နေ့တွင် လှူဒါန်းထားပါသည်။
အနောက်မုခ်ခြင်္သေ့ကြီးနှစ်ကောင်
မဟာရွှေသိမ်တော်မြတ်စွာဘုရားအနောက်မုခ်ခြင်္သေ့ကြီးနှစ်ကောင်အား အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးသိန်းဆွေ (ဇနီး)ဒေါ်မြသိင်္ဂီ (သား)ကိုဘုန်းပိုင်ဦး (ဇနီး) ဒေါက်တာစုစုလှိုင်၊ ဗိုလ်ကြီးမြတ်သူ (ဇနီး)ဒေါ်ဖြူသန့်ပိုင် သားသမီးမြေး မိသားစုမှ ၁၄-၆-၂၀၁၈ နေ့တွင် လှူဒါန်းထားပါသည်။
အောင်မြေ
အောင်မြေကို ၁၃၆၃ ခု၊ ကဆုန်လပြည့်၊ တနင်္ဂနွေနေ့တွင် ပန္နက်တင်၍ ၁၃၆၄ ခု၊ ကဆုန်လပြည့်၊ တနင်္ဂနွေနေ့တွင် ထီးတော်တင်လှူအောင်မြင်ပါသည်။ ရွှေသိမ်တော်ဘုရားဩဝါဒါစရိယဆရာတော်ကြီး များက ပရိတ်တော်များ၊ အောင်ဂါထာနှင့် ပထဝီဇယမန္တာန်တော်များ ရွတ်ဖတ်ပူဇော်ကြပါသည်။ ဩဝါဒါ စရိယဆရာတော်ကြီးများထဲမှ သက်တော်အကြီးဆုံးဆရာတော်ကြီးက ရွှေသိမ်တော်ဘုရား၏ အရှေ့မြောက် ဒေါင့်မှ (၁၀၈)လှမ်း လှမ်းကာ (၁၀၈)လှမ်းမြောက်တွင် အောင်မြေသတ်မှတ်ပူဇော်ကြပါသည်။ အောင် အမည်ပါသော (၇)ရက်သားများက အရပ်မျက်နှာအလိုက်နေရာယူ၍ အောင်မြေများထည့်ကြပါသည်။
၁။ ပထဝီဓာတ်အဖြစ်ရွှေဘိုအောင်မြေ၊ ကန်တလူအောင်မြေ
၂။ တေဇောဓာတ်အဖြစ် ပုပ္ပါးတောင်ကလပ်မှ မီးသင်းကျောက်
၃။ အာပေါဓာတ်အဖြစ် မော်လမြိုင်ခေါင်းဆေးကျွန်းမှရေ
၄။ ဝါယောဓာတ်အဖြစ် မြန်မာနိုင်ငံအမြင့်ဆုံးတောင်ထိပ်မှ လေသိုက်တို့ကိုယူကာ အောင်မြေအဖြစ် ထည့်ကြပါသည်။
အပေါ်စေတီဋ္ဌာပနာတိုက်တွင် ရွှေတိဂုံမှမြေ၊ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က ရေသုံးသပ်တော် မူသော ဇေတဝန်ကျောင်းမှရေ၊ မာန်နတ်မင်းအောင်မြင်ရာ ဗောဓိပင်နှင့် ရွှေပလ္လင်တော်တည်ရာ အရပ်မှမြေ၊ ဓမ္မစင်္ကြာတရားဦးဟောတော်မူရာ အရပ်မှမြေတို့ကို ရတနာများနှင့်အတူ ထည့်သွင်း ပူဇော်ထားကြပါသည်။ အောင်မြေစေတီတော်အား ကျောက်ဆည်မြို့၊ စုကြီးရပ်နေ ဦးတင်ထွန်း+ ဒေါ်ကြည်သန်း(မိသားစု)မှလှူဒါန်းပူဇော်ခဲ့ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved