ဘုရားသမိုင်း
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးသမိုင်း
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်တည်ရှိပြီး မန္တလေးမြို့မှ (၄၂) မိုင် အကွာ၊ ပြင်ဦးလွင်မှ (၅)မိုင်အကွာ မိုင်တိုင်အမှတ်(၄၇/၁) ရေငယ်ကျေးရွာ (ရပ်ကွက်ကြီး ၁၁) မန္တလေးလားရှိုး ကားလမ်းဘေး ဓမ္မရတိကုန်းပေါ်တွင် တည်ရှိပါသည်။ မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၀၃မိနစ် ၁၇စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၃၁မိနစ် ၃၆စက္ကန့် ခန့်မှန်းမြေပုံညွှန်း(ဂျီ-၀၈၄၇၃၈) မန္တလေးလားရှိုးလမ်းနှင့် ကိုက်(၇၀၀) ကားလမ်းဘေး အထက် ပေ(၁၀၀)၊ ပင်လယ်ပြင်ရေမျက်နှာြပင်အမြင့် (၃၆၀၀)ပေတွင် တည်ရှိပါ သည်။
၁၃၅၈ခု၊ တပေါင်းလဆုတ်(၁၄)ရက်၊ (၆-၄-၁၉၉၇) တနင်္ဂနွေနေ့တွင် ဦးသောင်းထွန်း+ဒေါ်မမလေး အောင်သီဟကျောက်ဆစ်လုပ်ငန်းမှ ထုလုပ်သည့် ဉာဏ်တော်အမြင့် (၁၅)ပေ၊ ဒူးခေါင်းတော်အကျယ် (၈)ပေ (၆)လက်မ နှင့် အလေးချိန် (၁၇)တန်ခန့်ရှိ ဆင်းတုတော်ကြီး ရွှေလီမြို့သို့ ပို့ဆောင်ရာ ယခုတည်ထား ကိုးကွယ်မည့်နေရာ မိုင်တိုင် အမှတ် (၄၇/၁)ကားလမ်းဘေးတွင် မြေခခဲ့ပါသည်။
ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ရတနာမာရ်အောင် ကျောင်းတိုက်ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့၊ တိုင်းမှူး၊ တပ်နယ်မှူး၊ စစ်ဖက်ဆိုင်ရာ အရာရှိကြီး များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဆင်းတုတော်ကြီး ယာယီကိန်းဝပ် မည့်နေရာကို မြေခသောနေရာ၏ အရှေ့မြောက်ဘက်ကိုက် (၁၀၀) ခန့် အကွာတွင် ယာယီစံကျောင်း တော်ကြီးကို ဆောက်လုပ်ခဲ့ကြသည်။
၁၃၅၉ခု၊ ကဆုန်လကွယ်နေ့၊ (၅-၆-၁၉၉၇)တွင် ရုပ်ပွားတော်ကြီးကို ယာယီစံကျောင်းတော်ပေါ်သို့ တာဝန်ရှိသူများက ပင့်ဆောင် ပူဇော်ခဲ့ကြပါသည်။
ဓမ္မရတိကုန်းတော်ရွေးချယ်ခြင်းနှင့် “မဟာအံ့ထူးကံသာ” ဘွဲ့တော်ဆက်ကပ်ခြင်း –
ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ကုန်းတော်မြေနေရာကို ဆင်းတုတော်ကြီး မြေခသည့် နေ ရာ၏ ကားလမ်းတောင်ဘက် ပတ်ဝန်းကျင်ကိုစိုးမိုးနေသော တောင်ကုန်းကို ရွေးချယ်ခဲ့ပါသည်။ စံကျောင်း တော်သည် မန္တလေးကားလမ်း နှင့် မဝေးကွာခြင်း၊ အစဉ်အလာရ စေတီပုထိုးများ တောင်ကုန်း ပေါ်တွင်တည် ထားကိုးကွယ်ခြင်းကြောင့် ဂန္ဓကုဋိတိုက် တည်ဆောက်ရန် ခရိုင်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက တပ်နယ်မှူးသို့ တင်ပြခဲ့ပါသည်။ အသေးစိတ်အခြေအနေကို လေ့လာခဲ့ကြပါသည်။ ဆင်းတုတော် တည်ထားကိုးကွယ်ရန် ကုန်းတော်အတည်ပြုရန်အတွက် မုံရွေး ဆရာတော်ဘုရားကြီးက (၁၁-၅-၁၉၉၇) နေ့တွင် ခေတ္တသီတင်းသုံး အဓိဋ္ဌာန်ဝင်ကာ သင့်တော်သော ကုန်းမြေဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။
(၇-၈-၁၉၉၇)တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်မှူးအပါအဝင် စစ်ဖက်၊ နယ်ဖက်မှ အရာရှိကြီးများ၊ ပြင်ဦးလွင်ခရိုင်၊ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများ တက်ရောက်သည့် အစည်းအဝေးတွင် “မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး” ဟု ဘွဲ့တော်ကိုဆက်ကပ်ရန် အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။ ယင်းနေ့တွင်ပင် ဆင်းတုတော် တည်ထားကိုးကွယ်မည့် ကုန်းတော်ကိုလည်း ဓမ္မရတိ ကုန်းတော်အဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
ဂန္ဓကုဋိတိုက်တော် တည်ဆောက်ရန် ကော်မတီအသီးသီးဖွဲ့စည်းခြင်း
ဂန္ဓကုဋိတိုက်တည်ထားကိုးကွယ်ရန် (၂၆-၈-၁၉၉၇)တွင် စစ်ဖက်၊ နယ်ဖက် တာဝန်ရှိသူများက တပ်မ တော်အင်ဂျင်နီယာကျောင်း အစည်းအဝေးခန်းမတွင် စည်းဝေးပြီး တိုင်းမှူးမှ သံဃနာယကအဖွဲ့၏ ဩဝါဒကို ခံယူကာ ကော်မတီများကို အောက်ပါအတိုင်းဖွဲ့စည်းပေးခဲ့ပါသည် –
ဗဟိုကော်မတီဖွဲ့စည်းခြင်း
တပ်နယ်မှူးဗိုလ်မှူးချုပ်စိုးဝင်းမောင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး စစ်ဖက်၊ နယ်ဖက် အရာရှိကြီးများ (၂၇)ဦး ပါသော ဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ပါသည်။
အဆောက်အဦးဆောက်လုပ်ရေးဆပ်ကော်မတီ
အဆောက်အဦးဆောက်လုပ်ရေးဆပ်ကော်မတီကို ပြင်ဦးလွင်တပ်မတော်အင်ဂျင်နီယာ တက္ကသိုလ် ပါမောက္ခ ချုပ် ဗိုလ်မှူးကြီးဝင်းမြင့်က ဦးဆောင်၍ စစ်ဖက်၊ နယ်ဖက် (၇)ဦးဖြင့်ဖွဲ့စည်းခဲ့ပါသည်။
ဘဏ္ဍာရေးဆပ်ကော်မတီ
ဘဏ္ဍာရေးဆပ်ကော်မတီကို ပြင်ဦးလွင်အမှတ်(၁) စစ်ဆေးရုံတပ်မှူး ဗိုလ်မှူးကြီးအောင်ငြိမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖအပါအဝင် (၁၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
လမ်းဖောက်လုပ်ရေးဆပ်ကော်မတီ
လမ်းဖောက်လုပ်ရေးဆပ်ကော်မတီကို ပြင်ဦးလွင်တပ်မတော်အင်ဂျင်နီယာကျောင်းမှ ယာယီကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး စိုးသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး စစ်ဖက်၊ နယ်ဖက်မှ (၆)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီ
လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီကို ပြင်ဦးလွင် တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး စစ်ဖက်၊ နယ်ဖက်မှ (၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
စိမ်းလန်းစိုပြေရေးဆပ်ကော်မတီ
စိမ်းလန်းစိုပြေရေးဆပ်ကော်မတီကို ပြင်ဦးလွင်တပ်မတော် အုပ်ချုပ်မှုကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးမြင့်ဇော် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး စစ်ဖက်၊ နယ်ဖက်မှ (၆)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ဂန္ဓကုဋိတိုက်တော် တည်ဆောက်ရန် ကော်မတီအသီးသီးဖွဲ့စည်းခြင်း
မြေသန့်မဟာမင်္ဂလာ ဆောင်ရွက်မှု ၁၃၅၉ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ (၁၂-၁၁-၁၉၉၇)
ကုန်းတော်တွင် ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မဟာမင်္ဂလာ ၁၃၅၉ခု၊ တန်ဆောင်မုန်း လဆန်း ၁၃ ရက်၊ (၁၂-၁၁-၁၉၉၇)
ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ ၁၃၅၉ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ (၂၂-၁၁-၁၉၉၇)
သတ္တဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာ ၁၃၆၀ ပြည့်၊ တော်သလင်းလပြည့်ကျော်
၁၄ ရက်၊ (၁၉-၉-၁၉၉၈)
ကွမ်းတောင်ဌာပနာ၊ အလယ်ဌာပနာ၊ အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာ ၁၃၆၁ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်၊ (၄-၈-၁၉၉၉)
ယာယီစံကျောင်းတော်မှ ဂန္ဓကုဋိတိုက်တော်သို့ ပင့်ဆောင်ပူဇော်ခြင်းအခမ်းအနား
၁၃၆၁ခု၊ တပေါင်းလဆန်း ၃ ရက် (၁၇-၃-၂၀၀၀)ရက် (သောကြာနေ့) နံနက်(၈)နာရီ အချိန်တွင် စတင်ကျင်းပပြုလုပ်သည်။
၁၃၆၁ခု၊ တပေါင်းလဆန်း ၄ ရက်(၁၈-၃-၂၀၀၀)ရက် (စနေနေ့)တွင် မူလနေရာမှ မင်္ဂလာ ပန်းရထားဖြင့် ယာဥ်ပေါ်သို့ပင့်ဆောင်ပူဇော်ခဲ့ပါသည်။
၁၃၆၁ခု၊ တပေါင်းလဆန်း ၅ ရက် (၁၉-၃-၂၀၀၀)ရက် (တနင်္ဂနွေနေ့)တွင် ဓမ္မရတိကုန်းတော် ပေါ်သို့ ပင့်ဆောင် ပူဇော်ခဲ့ပါသည်။
၁၃၆၁ခု၊ တပေါင်းလဆန်း ၆ ရက် (၂၀-၃-၂၀၀၀)ရက် (တနင်္လာနေ့) နံနက်အာရုဏ်တက် (၄း၂၃)နာရီ တွင် မဟာအံ့ထူးကံသာရုပ်ပွား တော်မြတ်ကြီးကို ဂန္ဓကုဋိတိုက် ရတနာပလ္လင် ပေါ်သို့ ပင့်ဆောင်ပူဇော် ကြည်ညိုနိုင်ခဲ့ပါသည်။
ပိန္နဲတိုင်စိုက်ထူခြင်း
၁၃၆၁ခု၊ တပေါင်းလပြည့်ကျော် ၁၃ ရက်၊ (၁-၄-၂၀၀၀)ရက် (စနေနေ့) နံနက် (၉)နာရီ အချိန်၊ စေတီတော် ဂန္ဓကုဋိတိုက်တွင် ပိန္နဲတိုင်စိုက်ထူခြင်းအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရန်မျိုးအောင်ကျောင်းဆရာတော် နှင့် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ပုညကာရီခဲလယ် ကျောင်းဆရာတော် အမှူးပြုသောသံဃာတော် (၉)ပါး ကြွရောက်တော်မူခဲ့ပါသည်။
ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာ
၁၃၆၁ခု၊ နှောင်းတန်ခူးလဆန်း ၈ ရက် (၁၁-၄-၂၀၀၀)ရက် (အင်္ဂါနေ့) နံနက်(၉)နာရီအချိန်၊ ဓမ္မရတိကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် မဟာအံ့ထူးကံသာဆုတောင်းပြည့်စေတီ တော်အတွက် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရွှေထီးတော်တင်လှူပွဲ မဟာမင်္ဂလာ အခမ်း အနားကို ကျင်းပရာ ရွှေထီးတော်အလှူရှင် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစု၊ စိန်ဖူးတော်အလှူရှင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ဇနီး ဒေါ်မြမြစန်း မိသားစု၊ နာယက အဖွဲ့ဝင်ပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့် တို့ကို ဆက်ကပ် လှူဒါန်းတင်လှူ ပူဇော်ခဲ့ပါသည်။
သာသနာတော်ထွန်ကားပြန့်ပွားမှု
ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော နိုင်ငံများမှာ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း ၊ ကမ္ဘော ဒီးယားနှင့် လာအို(၅)နိုင်ငံတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုဘုရားရှင် လက်ထက် ကပင် လက်ခံကျင့်သုံးခဲ့သည်ဟုဆိုကြပါသည်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး မဟာသက္ကရာဇ် ၁၄၈ခု၊ သာသနာသက္ကရာဇ် ၁၊ ရာဇဂြိုလ်ပြည် အဇာတသတ်မင်းလက်ထက်တွင် ဝေဘာရတောင်ခြေ သတ္တာပဏ္ဏိလိုဏ်ဂူ (ယခု Rag Gir အရပ်)၌ ပထမ သင်္ဂါယနာတင်ပွဲ၊ သာသနာသက္ကရာဇ် (၁၀၀)၊ မာဂဓတိုင်း ကာလာသောကမင်းလက်ထက်တွင် ဝေသာလီပြည် ဝါဠုကာရာမကျောင်းတော်၌ ဒုတိယသင်္ဂါယနာတင်ပွဲ၊ သာသနာသက္ကရာဇ် (၂၀၂)၊ အာသောကမင်း (သီရိဓမ္မာသောကမင်း) လက်ထက်တွင် ပါဋလိပုတ်ပြည် အာသောကရာမကျောင်း၌ တတိယသင်္ဂါယနာ တင်ပွဲ၊ သာသနာသက္ကရာဇ် (၄၄၀)၊ ဝဋ္ဋဂါမဏိအဘယမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း မတလေ (Matale) ဒေသရှိ အလောကဂူ၌ စတုတ္ထသင်္ဂါယနာတင်ပွဲ ကျင်းပခဲ့ပါသည်။ စတုတ္ထသင်္ဂါယနာတင်ပွဲမှ စပြီး ပိဋကတ် သုံးပုံ နှင့် အဋ္ဌကထာကျမ်းများကို ပေထက်အက္ခရာ တင်တော်မူခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်းသင်္ဂါယနာတင်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ပါသည်။ သာသနာသက္ကရာဇ် ၂၄၁၄ (အေဒီ၁၈၇၁) မင်းတုန်းမင်းကြီးလက်ထက် မန္တလေးမြို့တွင် ပဉ္စမသင်္ဂါယနာတင်ပွဲကျင်းပခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲကို သာသနာသက္ကရာဇ် ၂၄၄၈ (အေဒီ၁၉၅၄)ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု လက်ထက် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်၌ စတင်ကျင်းပပြီး သာသနာသက္ကရာဇ် ၂၅၀၀ပြည့်နှစ် (အေဒီ၁၉၅၆)ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ထိန်းသိမ်းအပ်သော ဘုရားစကားတော် အယူစကား အစဉ်၊ မထေရ်အဆက်ဆက်တို့က မူရင်းမပျက် သင်္ဂါယနာတင်လျက် ထိန်းသိမ်းစောင့်ရှောက်ထားအပ်သော ဘုရားစကားပါဠိတော်အတိုင်း ကျင့်ကြံနေထိုင်သော အယူဝါဒကို ထေရဝါဒဟုခေါ်ဆိုပါသည်။ လက်ရှိ တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များ၏ ဩဝါဒများနှင့်အညီ ဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်အောင် စဉ်ဆက်မပြတ် ထောက်ပံ့ ပူဇော်နိုင်ရန် အားစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထူးခြားမွန်မြတ်သော ဗုဒ္ဓပူဇာကုသိုလ်တော် အဖြစ် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသောကျမ်းစာအုပ် များကို ပြည်တွင်း၊ ပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများ နှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းလျက် သာသနာတော်ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်၍ မန္တလေးနှင့် ရန်ကုန်တွင် စွယ်တော်ြမတ်စေတီနှစ်ဆူ၊ ရန်ကုန်မင်းဓမ္မ ကုန်းတော်အပေါ်တွင် လောကချမ်းသာ အဘယ လာဘမုနိရုပ်ပွားတော်မြတ်၊ နေပြည်တော်တွင် ဥပ္ပါတသန္တိ စေတီတော် တို့ကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်၍ စကျင်ကျောက်ဖြင့်ထုဆစ်သော ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်း တည်ထားကိုးကွယ်ခဲ့ကြပါသည်။
နိုင်ငံတော်အကြီးအကဲများ၏ စေတနာ၊ သဒ္ဓါတရားပြည့်ဝစွာ နှင့် ဦးဆောင်လမ်းညွှန်မှုအောက်တွင် ပြည်သူတစ်ရပ်လုံး လက်တွဲညီညီ ဆောင်ရွက်နိုင်မှုကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင် (၅)နိုင်ငံတွင် မြန်မာ နိုင်ငံသည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒတည်းဟူသော သာသနာသုံးရပ်လုံးတွင် စံပြရှေ့ဆောင် နိုင်ငံတစ်ခု အဖြစ်ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ကြပါသည်။
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved