Home » မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား » ဘုရားဖူးလမ်းညွှန်(Mahar Ant Htoo Kan Thar) ဘုရားဖူးလမ်းညွှန် သမိုင်းများ > ဘုရားသမိုင်း ပြင်ဦးလွင်မြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ပန်း(၁၀)မျိုး ဗုဒ္ဓအဆုံးအမများ ဆက်သွယ်ရန် မြန်မာပြည်အရပ်ရပ်က ဘုရားဖူးပြည်သူများ မန္တလေးမြို့မှတဆင့် ပြင်ဦးလွင်မြို့သို့ ကုန်းလမ်းဖြင့် လာရောက်နိုင်ပါသည်။ ပြင်ဦးလွင်နာရီစင်မှ လာရှိုးအထွက်လမ်း (၅)မိုင် ခန့်အကွာ ရေငယ်ရွာ (ရပ်ကွက်ကြီး-၁၁)ရှိ မန္တလေး-လားရှိုးလမ်းဘေး ဓမ္မရတိကုန်းတော်တွင် တည်ရှိပါသည်။ မဟာအံ့ထူးကံသာဘုရားကြီးတည်နေရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်တည်ရှိပြီး မန္တလေးမြို့မှ (၄၂) မိုင် အကွာ၊ ပြင်ဦးလွင်မှ (၅)မိုင်အကွာ မိုင်တိုင်အမှတ်(၄၇/၁) ရေငယ်ကျေးရွာ (ရပ်ကွက်ကြီး ၁၁) မန္တလေးလားရှိုး ကားလမ်းဘေး ဓမ္မရတိကုန်းပေါ်တွင် တည်ရှိပါသည်။ မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၀၃မိနစ် ၁၇စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၃၁မိနစ် ၃၆စက္ကန့် ခန့်မှန်းမြေပုံညွှန်း(ဂျီ-၀၈၄၇၃၈) မန္တလေးလားရှိုးလမ်းနှင့် ကိုက်(၇၀၀) ကားလမ်းဘေး အထက် ပေ(၁၀၀)၊ ပင်လယ်ပြင်ရေမျက်နှာြပင်အမြင့် (၃၆၀၀)ပေတွင် တည်ရှိပါ သည်။ ဖူးမြော်လေ့လာရန်နေရာများ မဟာအံ့ထူးကံသာဘုရားအနီးရှိ ဖူးမျော်လေ့လာရန်နေရာများအကြောင်းဖတ်ရှုလိုပါက အောက်ပါ ခလုတ်ကိုနှိပ်၍ဖတ်ရှုနိုင်ပါသည်။ ဖတ်ရှုရန် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဘုရားများလမ်းညွှန် ပင်မစာမျက်နှာ ဘုရားများ မဟာအံ့ထူးကံသာဆိုင်ရာ အဓိကစာမျက်နှာ ဘုရားသမိုင်း မြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပန်း(၁၀)မျိုး ပွဲတော်များ ဆက်သွယ်ရန် Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved