ပန်း(၁၀)မျိုး သမိုင်းများ > ဘုရားသမိုင်း မန္တလေးမြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ပန်း(၁၀)မျိုး ဆက်သွယ်ရန် ဧည့်သည်တော်မှတ်တမ်း ပန်း(၁၀)မျိုး ပန်းပု၊ ပန်းရန်၊ ပန်းတိမ်၊ ပန်းပဲ၊ ပန်းချီ၊ပန်းပွတ်၊ပန်းယွန်း၊ပန်းတဥ်း၊ပန်းတော့၊ပန်းတမော့ ဆိုပြီးရှိရာ မဟာလောမာရဇိန်ကုသိုလ်တော်ဘုရားပန်းဆယ်မျိုး လက်ရာများကိုလေ့လာသိရှိနိုင်ပါရန်အတွက်စုစည်းတင်ပြထားပါသည်၊၊ ပန်းတမော့ မြန်မာနိုင်ငံရှိ သာသနိကအဆောက်အအုံတို့တွင် ပန်းဆယ်မျိုးဝင်အနုပညာတို့ဖြင့် ပြုလုပ်တန်ဆာဆင်ခဲ့ကြသည်မှာ ရှေးယခင်တည်းက ယနေ့တိုင်ပင်၊ ထိုထဲတွင် ပန်းတမော့ အနုပညာလက်ရာဖြင့် ထင်ရှားကျော်ကြားလှသည့် ကုသိုလ်တော် ပန်းတစ်မျိုးကို ဖော်ပြလို ပါသည်။ ပန်းတမော့ပညာကို ယခုခေတ်တွင် ကျောက်ဆစ်ပညာဟု ခေါ်ကြသည်။ “ပန်(သို့မဟုတ်) ပန်း”ဟုခေါ်ခြင်းမှာ လှပအောင်ပြုလုပ်ထားသော အနုပညာကို တင်စား၍ ခေါ်သော မြန်မာစကားရိုးရိုးပင်ဖြစ်သည်။ “တမော့”မှာ မွန်စကားဖြစ်၍ “ကျောက် “ကိုခေါ်သည်။ “ပန်းတမော့” မှာ ကျောက်ကို လှပအောင် ထွင်းထုမှုမ်းမံခြင်းအဓိပ္ပာယ်ဟု ရှေးသုတေသီတို့က ယူဆခဲ့ကြသည်။ကုသိုလ်တော်ဘုရားသည် မဟာရံတံတိုင်း သုံးထပ်ကာရံထား၍ တံတိုင်းအတွင်း၌ ကျောက်စာဂူဓမ္မစေတီများနှင့် အမြဲစိမ်းလန်းနေသော ခရေပင်၊ မယ်ဇယ်ပင်ကြီးတို့သည် အတန်း လိုက် စနစ်တကျတည်ရှိနေသဖြင့် အရိပ်ရအေးမြလှပေသည်။ ဘုရားဝင်းအတွင်း ရာသီမပြတ် ဖူးပွင့်နေသောခရေပန်းများကလည်း ကုသိုလ်တော် ခရေပန်းဟုပင် အမည်တွင်စေသည်။ပန်းများ လှိုင်လှိုင်ပွင့်ချိန်တွင် ဘုရားဝင်းအတွင်း၌ ပန်းရနံ့တို့သင်းပျံ့နေပါသည်။ထိုသဘာဝပန်း ရနံ့များထက် နေရာအနှံ့သင်းပျံ့မွှေးကြိုင်သည့်အရာကား မြန်မာ့လက်မှုအနုပညာ ပန်းဆယ် မျိုးဝင် ပန်းတမော့ပညာဖြင့် ထုဆစ်ရေးသားထားသော ပိဋကတ်တော်ကျောက်စာချပ် များပင် ဖြစ်ပေသည်။ထိုကျောက်စာများကို ကုသိုလ်တော်ဘုရားကြီး၏ ပထမ မဟာရံတံတိုင်းအတွင်း ကျောက်စာဂူတစ်တန်းဖြင့်(၄၂)ချပ်၊ ဒုတိယမဟာရံတံတိုင်းအတွင်း ကျောက်စာဂူနှစ်တန်းဖြင့် ၁၆၀ ချပ်၊ တတိယမဟာရံတံတိုင်းအတွင်း ကျောက်စာဂူလေးတန်းဖြင့် ၅၁၉ ချပ်ကို ကျောက်စာ တစ်ချပ်လျှင် သီဟိုဠ်စွယ်တော်ကြုတ်ပုံ ဓမ္မစေတီတစ်ဆူစီဖြင့် မြေဝင်တစ်တောင်ထား၍ အခိုင် အမာစိုက်ထူထားခဲ့ပါသည်။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဘုရားများလမ်းညွှန် ပင်မစာမျက်နှာ ဘုရားများ ကုသိုလ်တော်ဘုရားဆိုင်ရာ အဓိကစာမျက်နှာ ဘုရားသမိုင်း မြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ပန်း(၁၀)မျိုး ဆက်သွယ်ရန် ဧည့်သည်တော်မှတ်တမ်း Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved