ပွဲတော်များ သမိုင်းများ > ဘုရားသမိုင်း မန္တလေးမြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ပန်း(၁၀)မျိုး ဆက်သွယ်ရန် ဧည့်သည်တော်များ ပွဲတော်များ တန်ခူးလတွင် ဘုရားပရဝဏ်၌ စတုဒီသာများကျွေးမွေးခြင်း ၊ ဥပုသ်သီလစောင့်ထိန်းခြင်း တို့ကို နှစ်စဥ် ပြုလုပ်လေ့ရှိကြပါသည်။ ကဆုန်လတွင် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား အရှေ့ပေါက်အနီးရှိ မဟာဗောဓိညောင်ပင်တွင် နှစ်စဉ်ညောင်ရေသွန်းပွဲကျင်းပကြပါသည်။ ရှေးအခါကနယုန်လတွင်ကုသိုလ်တော်ဓမ္မာရုံများတွင်စာပြန်ပွဲများကျင်းပခဲ့ကြပါသည်။ ယခုအခါတွင်ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါ။ ဝါဆိုလတွင် သြဝါဒါစရိယဆရာတော်များနှင့် နန်းတော်ရှေ့ဂေါစရဂါမ်ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များအား ဝါဆိုသင်္ကန်းများနှစ်စဉ် ကပ်လှူလေ့ရှိပါသည်။ သီတင်းကျွတ်လတွင် လဆန်း(၁၃)ရက်မှ လပြည့်ကျော်(၇)ရက်နေ့ထိ ဗုဒ္ဓပူဇေနိယျပွဲတော်ကိုနှစ်စဉ်ကျင်းပခဲ့ ရာယခုနှစ်ဆိုလျှင် (၁၃၄)ကြိမ်မြောက်ရှိခဲ့ပါပြီ။ လက်ရှိဂေါပကအဖွဲ့ထမ်းဆောင်စဉ် ၂၀၁၅ခုနှစ်တွင် (၁၂၇)ကြိမ်သ့ဃာအပါး(၃၂၀၀)၊၂၀၁၆ခုနှစ်တွင်(၁၂၈)ကြိမ်သံဃာအပါး(၃၁၀၀)၊၂၀၁၇ခုနှစ်တွင်(၁၂၉)ကြိမ်သံဃာအပါး(၃၁၀၀)၊ ၂၀၁၈ခုနှစ်တွင် ၁၃၀ကြိမ်သံဃာအပါး(၃၀၀၀)၊၂၀၁၉ခုနှစ်တွင်(၁၃၁)ကြိမ်သံဃာ အပါး(၃၂၀၀)၊၂၀၂၀ခုနှစ်နှင့်၂၀၂၁ခုနှစ်တွင် Covid-19ကပ်ရောဂါကြောင့်နားခဲ့ရပါသည်။ ၂၀၂၂ခုနှစ်တွင် (၁၃၂)ကြိမ်သံဃာအပါး(၁၀၀၀)၊ ၂၀၂၃ခုနှစ်တွင်(၁၃၃)ကြိမ်သံဃာအပါး(၂၅၀၀)၊၂၀၂၄ခုနှစ်တွင် (၁၃၄)ကြိမ်သံဃာအပါး(၂၇၀၀)တို့အား ဆွမ်းသပိတ်များလောင်းလှူခဲ့ပါသည်။ နှစ်စဉ်ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားရင်ပြင်တော်များတွင်ဆီမီး (၁၀၀၀၀)ကို အဖိတ်နေ့ ၊ လပြည့်နေ့၊ လပြည့်ကျော်(၁) ၊ လပြည့်ကျော်(၂)ရက်နေ့များတွင် ထွန်းညှိပူဇော်ကြပါသည်။ တန်ဆောင်မုန်းလပြည့်ညများတွင် ဘုရားရင်ပြင်တွင်ဆီမီး(၁၀၀၀၀)ပူဇော် ခြင်းများ၊စတုသီတာမုန့်လုံးရေပေါ်၊မယ်ဇလီဖူးသုပ်များဧည့်ခံကျွေးမွေးပါသည်။ တပို့တွဲလတွင်ထမင်းနှဲထိုးပွဲများနှစ်စဉ်ကျင်းပလေ့ရှိပြီးစတုတီသာများ ဧည့်ခံကျွေးမွေးလေ့ရှိပါသည်။ (၁၃၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမှတ်တမ်း (၁၃.၁၀.၂၀၂၄) (၁၃၃) ကြိမ်မြောက် ဆွမ်းလောင်းပွဲတော်မှတ်တမ်း မီးထွန်းပွဲတော် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဘုရားများလမ်းညွှန် ပင်မစာမျက်နှာ ဘုရားများ ကုသိုလ်တော်ဘုရားဆိုင်ရာ အဓိကစာမျက်နှာ ဘုရားသမိုင်း မြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ပန်း(၁၀)မျိုး ဆက်သွယ်ရန် ဧည့်သည်တော်များ Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved