ဖူးမြော်လေ့လာရန်နေရာများ သမိုင်းများ > ဘုရားသမိုင်း မန္တလေးမြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ဆက်သွယ်ရန် ဂြိုလ်ပြေနံပြေကိုးတောင်ပြည့် သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၃၈ ခုနှစ်တွင် စေတီတော်အနီး၌ ဂြိုလ်ပြေနံပြေကိုးတောင်ပြည့် ထီးသုံးဆင့် ကိုးနဝင်းစေတီတော်ကို တည်ထားခဲ့ပါသည်။ တ၀ဂူစေတီတော်် သက္ကရာဇ် ၁၃၂၁ ခုနှစ်၊ ခရစ်နှစ် ၁၉၅၉ ခုနှစ်တွင် စေတတော်မြတ်ကြီးကို ဉာဏ်တော်မြှင့်တင်ခဲ့ပါသည်။ စေတီတော်မြတ်ကြီးနှင့်တွဲလျက် တောင်ဘက်ခြမ်းတွင် တဝဂူစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ဂန္ဓကုဋိတိုက်တော်ကြီး သက္ကရာဇ် ၁၃၄၂ ခုနှစ်၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်တွင် ဂန္ဓကုဋိတိုက်တော်ကြီးကို မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်နှင့်အတူ ကိန်းဝပ်လျက်တည်ဆောက်ခဲ့ပါသည်။ ဂြိုဟ်ပြေနံပြေရှစ်မျက်နှာဘုရား သက္ကရာဇ်၁၃၅၂ ခုနှစ်၊ ခရစ်နှစ် ၁၉၉၀ ပြည့်နှစ်တွင် ဘုရားပရိဝုဏ်အရှေ့တောင်ထောင့်အရပ်ရှိ ဗောဓိညောင်ပင်ကို ဝိုင်းဝန်းလျက် ဂြိုဟ်ပြေ နံပြေရှစ်မျက်နှာဘုရားကို တည်ထားလှူဒါန်းခဲ့ပါသည်။ အောင်ချမ်းသာတံခွန်တိုင် နှင့်အသောကကျောက်တိုင်ကြီးသက္ကရာဇ် ၁၃၅၄ ခုနှစ်၊ ခရစ်နှစ် ၁၉၉၂ ခုနှစ်တွင် အောင်ချမ်းသာတံခွန်တိုင်ကြီးကိုလည်းကောင်း၊ ပဌာန ပူဇာအောင်ဓမ္မာရုံကြီးအရှေ့ဘက် ဗောဓိညောင်ပင်တွင် ကျောင်းဆောင်နှင့်တကွ ကျောက်ဆစ်ရုပ်ပွားတော် တစ်ဆူကိုလည်းကောင်း၊ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အသောကကျောက်တိုင်ကြီးကိုလည်းကောင်း တည်ထားလှူဒါန်းခဲ့ပါသည်။ ရှင်သီ၀လိကိုယ်တော် သက္ကရာဇ် ၁၃၅၅ ခုနှစ်၊ ခရစ်နှစ် ၁၉၉၃ ခုနှစ်တွင် ရာပြည့်ဓမ္မာရုံ၏တောင်ဘက်တွင် ရှင်သီဝလိ ကိုယ်တော်အား ကျောင်းဆောင်နှင့်တကွ တည်ထားလှူဒါန်းခဲ့ပါသည်။ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးသက္ကရာဇ် ၁၃၅၆ ခုနှစ်၊ ခရစ်နှစ် ၁၉၉၄ ခုနှစ်တွင် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ကြေးပြသာဒ် တော်ဖြင့်လည်းကောင်း၊ ပေ ၂၀ ပတ်လည်ကျောက်စီရေကန်တော်ဖြင့်လည်းကောင်း တည်ဆောက်လှူဒါန်းခဲ့ ပါသည်။ အလောင်း သုမေဓာရှင်ရသေ့၊ ဒီပင်္ကရာဘုရားရှင်ထံမှ နိယတဗျာဒိတ်ခံယူ တော်မူခဏ်းသက္ကရာဇ် ၁၃၅၈ ခုနှစ်၊ ခရစ်နှစ် ၁၉၉၆ ခုနှစ်တွင် ဘုရားပရိဝုဏ်အရှေ့တောင်ထောင့် ဂြိုဟ်ပြေနံပြေ ရှစ်မျက်နှာဘုရားအနီးတွင် ဘုရားအလောင်း သုမေဓာရှင်ရသေ့၊ ဒီပင်္ကရာဘုရားရှင်ထံမှ နိယတဗျာဒိတ်ခံယူ တော်မူခဏ်း ရုပ်လုံးပုံတော်များကို တည်ထားလှူဒါန်းခဲ့ပါသည်။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဘုရားများလမ်းညွှန် ပင်မစာမျက်နှာ ဘုရားများ အောင်တော်မူဘုရားဆိုင်ရာ အဓိကစာမျက်နှာ ဘုရားသမိုင်း မြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ဆက်သွယ်ရန် Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved