အောင်တော်မူဘုရားသမိုင်း

အောင်တော်မူဘုရားသမိုင်း

“မဟာလောကရန်နှိမ်”​နှင့်“လောကတန်ဆောင်”စေတီတို့မှာထိုခေတ်က ရန်အမျိုးမျိုးပေါ်ပေါက်သဖြင့် ရန်အမျိုးမျိုးနှိင်နှင်းအောင်မြင်ရန် ယတြာသဘောဖြင့် ခုနှစ်ထောက်ဘုရားများတည်ခဲ့သည်ဟုအဆိုရှိသည်။ မန္တလေးမြို့လူထုက “အောင်တော်မူဘုရား”ဟုခေါ်တွင်ကြသည်။
                            မန္တလေး​မြို့တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား နံနက်အရုဏ်တက်တိုင်းမျက်နှာတော်သစ် အစဥ်အလာရှိခဲ့သည့် နည်းတူမဟာမြတ်မုနိကဲ့သို့ မျက်နှာတော်သစ်ဖူးမြှော်ရသော ဘုရားတစ်ဆူမှာ ဤ”မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား”​ဖြစ်သည်။ ဤ”မဟာလောကရန်နှိမ်စေတီတော်”ကို မန္တလေးမြို့၊ ချမ်း‌အေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်၊ အောင်တော်မူရပ်၌တည်ရှိပါသည်။ လမ်း(၂၉)နှင့် (၆၃)လမ်းအတွင်း ရှိသည်။
                           သက္ကရာဇ်​ ၁၂၄၄-ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်နေ့ နံနက်တစ်ချက်တီးကျော်၊ ခြောက်မောင်းအချိန်၊ အမြောက်သံကြား၍ ရွှေမြို့တော်ကြီးအရှေ့တောင်ထောင့် မန္တလေး​တောင်တော်အရှေ့ဘက်အာရုံခံဥယျာဥ်တော်အတွင်းအသျှင် မိဖုရားခေါင်ကြီးဖုရား နံတော်သင့် ရတနာတန်ဆောင်း စေတီတော်နှစ်ဆူကို အရပ်တော်နှင့်ဖိနပ်တော် သံခုနှစ်တောင်ထား၍ ခုနှစ်ရက်နှင့်အပြီး သပြေအောင်ပွဲသဘင်အခမ်းအနားတို့ဖြင့်တစ်ချိန်တည်းအုတ်မြစ်စီခင်းတည်လုပ်ရသည်။
                           “လောကရန်နှိမ်ဘုရား”​တွင် သေနတ်ဝန်၊ ကင်းဝန်၊ လယ်ကိုင်းမြို့စားဝန်ကြီး၊ အတွင်းဝန်၊ တိုင်တားမြို့စား၊ မြေတိုင်းဝန်ထောက်၊ ညောင်ဝန်းဝန်ထောက်၊ ရတနာတန်ဆောင်ဘုရားတွင်တောင်ခွင်မြို့စားဝန်ကြီးအတွင်းဝန်၊ ပင်းမြို့စားအတွင်းဝန်၊ မြို့သစ်မြို့စား၊ ဝန်ထောက်ဝက် မစွပ်မြို့စား၊ ဝန်ထောက်ကွပ်ရွာမြို့စား၊ ဝန်ထောက်သံချက်ဝန်၊ ဝန်ထောက်မလွန် မြို့ဝန်တို့ သွားရောက်ကြီးကြပ်ရသည်။ ယင်းလဆန်း(၁၁)ရက်တွင်အမြောက်သံကြား၍”လောကရန်နှိမ်ဘုရား”၊”လောကတန်ဆောင်” ဘုရားရွှေထီးအထွတ်တင်လှူ အောင်ပွဲ​သဘင်ကျင်းပသည်။

မန္တလေးမြို့တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား နံနက်အရုဏ်တက်တိုင်း မျက်နှာတော်သစ် အစဉ် အလာရှိခဲသည့်နည်းတူ မဟာမြတ်မုနိကဲ့သို့ မျက်နှာတော်သစ်ဖူးမြှော်ရသော ဘုရားတစ်ဆူမှာ ဤ ” မဟာ လောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ” ဖြစ်သည်။

            သက္ကရာဇ် ၁၂၄၄ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်နေ့ နံနက်တစ်ချက်တီးကျော်၊ ခြောက်မောင်းအချိန်၊ အမြောက်သံကြား၍ ရွှေမြို့တော်ကြီးအရှေ့တောင်ထောင့် ဇမ္ဗူမျက်ရှင်ရပ် သာယာစွာသော မြေအပြင်တွင် အသျှင်မင်းတရားကြီး နံတော်သင့် ” လောကရန်နှိမ်စေတီတော် ” ၊ ရွှေမြို့တော်ကြီးအရှေ့မြောက်ထောင့်၊ မန္တလေးတောင်တော်အရှေ့ဘက်အာရုံခံဥယျာဉ်တော်အတွင်း အသျှင်မိဖုရားခေါင်ကြီးဖုရား နံတော်သင့် ရတနာ တန်ဆောင် စေတီတော်နှစ်ဆူကို အရပ်တော်နှင့် ဖိနပ်တော် သံခုနှစ်တောင်ထား၍ ခုနှစ်ရက်နှင့်အပြီး အပြေအောင်ပွဲသဘင်အခမ်းအနားတို့ဖြင့် တစ်ချိန်တည်း အုတ်မြစ်စီခင်းတည်လုပ်ရသည်။

            ” လောကရန်နှိမ်ဘုရား ” တွင် သေနတ်ဝန်၊ ကင်းဝန်၊ လယ်ကိုင်းမြို့စားဝန်ကြီး၊ အတွင်းဝန်၊ တိုင်တာ မြို့စား၊ မြေတိုင်းဝန်ထောက်၊ ညောင်ဝန်းဝန်ထောက်၊ ရတနာတန်ဆောင်ဘုရားတွင် တောင်ခွင်မြို့စားဝန်ကြီး အတွင်းဝန်၊ ပင်းမြို့စားအတွင်းဝန်၊ ဝန်ထောက်မလွန် မြို့ဝန်တို့ သွားရောက်ကြီးကြပ်ရသည်။ ယင်းလဆန်း ၁၁ ရက်နေ့တွင် အမြောက်သံကြား၍ ” လောကရန်နှိမ်ဘုရား ” ၊ ” လောကတန်ဆောင် “ဘုရားရွှေထီးအထွဋ်တင် လှူ အောင်ပွဲသဘင်ကျင်းပသည်။(စုဖုရားလတ်၏ လောကတန်ဆောင်စေတီကား မတွေ့ရချေ။)

စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ထီးတော်တို့ကို ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓာတိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပခြင်း

 
                  မဟာလောကရန်နှိမ်အောင်တော်မူစေတီတော်မြတ်ကြီးဂန္ဓကုဋိတိုက်တေဋ်အတွင်းရှိစေတီတော်မြတ်ကြီးအားလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပုဇော်ပွဲနှင့်ဗုဒ္ဓဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို(၂၃.၄.၂၀၁၃)တွင် စတင်၍(၁၀.၅.၂၀၁၄) ရက်နေ့တွင် လုံးတော်ပြည့်ရွှေသင်္ကန်းစတင်ကပ်လှူခဲ့ပါသည်။
                  သက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၁)ရက်(၂၄.၅.၂၀၁၄)ရက်(စနေနေ့)တွင်နိုင်ငံတော်ဩဝါဒါစရိယဆရာတော်များ၊ အောင်တော်မူရေတော်ဆရာတော်အမှူးပြပြီး ပင့်သံဃာ(၄၅)ပါးတို့ကြွရောက်တော်မူကြပြီး မင်္ဂလာအချိန် နံနက်(၈)နာရီ(၁၀)မိနစ်တွင် စေတီတော်မြတ်အား ရတနာစိန်ဖူးတော် နှင့် ငှက်မြတ်နားတော် နှင့် သာသနာ့အဘံတို့ကို တင်လှူပူဇော်ပြီး ဗုဒ္ဓါ ဘိသေက အနေကဇာတင်လှူ ပူဇော်ကြပါသည်။

သာသနိကအဆောက်အအုံများ

ဗုဒ္ဓဝါသ အဆောက်အဦ:

 သာသနာတော်နှစ် – ၂၅၆၀ ပြည့်နှစ်၊ သက္ကရာဇ်၁၃၇၈ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက်(၂၂.၁၁.၂၀၁၆)ခုနှစ်တွင် စတင်တည်ထားခဲ့ပါသည်။

ပလ္လင်တော်နှင့်ဗုဒ္ဓဆင်းတုတော်မြတ်ကြီးလှူဒါန်းခြင်း

  ဘုရား၏ ပလ္လင်တော် ကို သစ်မာအမျိုးအစား(ပျဉ်းကတိုးသစ်)ဖြင့် သက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၆)ရက် (၁၄-၁-၂၀၁၂)(စနေနေ့)က စတင်ထုဆစ်ခဲ့ရာ (၅၈)ရက်ကြာ တွင်ထုဆစ်မှုပြီးစီးပါသည်။ ပလ္လင်တော်၏လုံးပတ်မှာ ၁၄’ ၉” ၊ ပလ္လင်တော်၏အမြင့် ၄’ ၉” ရှိပါသည်။သစ်တုံး၏ထူးခြားချက်မှာ – သစ်တုံး၏ပတ်လည်တွင်အပွေးကျည်းပေါင်းများထူးဆန်းအံ့ဖွယ်ဖြစ်ပေါ်တည်ရှိနေပါသည်။ဆင်းတုတော်ကိုသစ်မာအမျိုးအစား(ပျဉ်းကတိုးသစ်)ဖြင့် သက္ကရာဇ် ၁၃၇၁ခုနှစ်၊ တပေါင်းလပြည့်ကျော်(၄)ရက်နေ့က စတင်ထုဆစ်ခဲ့ရာ (၅၆)ရက်ကြာတွင် ထုဆစ်မှုပြီးစီးခဲ့ပါသည်။ဆင်းတုတော်အမြင့်မှာ – ၄’ ၃”ရှိပြီး၊ဆင်းတုတော်လုံးပတ်မှာ ၉’ ရှိပါသည်။ (၁၉.၈.၂၀၁၂)ရက်နေ့(တနင်္ဂနွေ)တွင် “ဇေယျသိဒ္ဓိလာဘမုနိဘွဲ့တော်” ပေး၍(၂၃.၉.၂၀၁၂)(တနင်္ဂနွေ) နံနက်(၈)နာရီတွင် ဗုဒ္ဓဝါသအဆောက်အဦ အတွင်းပင့်ဆောင်ပူဇော်ခဲ့ပါသည်။

(၂၀၂၁စက်တင်ဘာ၂၁)
မန္တလေးအရှေ့ပြင်နယ်လုံးဆိုင်ရာမဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရားဆင်းတုတော်မြတ်ကြီးအား ယာယီစံမြန်းရာအောင်ဓမ္မာရုံမှမူလကိန်းဝပ်ရာ သာသနာ့ဗိမာန်တော်အတွင်းရှိသီဟာသနပလ္လင်ထက်သို့ ပင့်ဆောင်ပူဇော်အခမ်းအနားဝန်ကြီးချုပ် ဦးမောင်ကို နှင့်မြိုတော်ဝန်တို့၏ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများမှာပင့်ဆောင်မှတ်တမ်း

(၂၀၂၁ စက်ဘာ၂၅)
မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရားဆင်းတုတော်မြတ်ကြီးအား ယာယီစံမြန်းရာအောင်ဓမ္မာရုံမှမူလကိန်းဝပ်ရာ သာသနာ့ဗိမာန်တော်အတွင်းရှိသီဟာသနပလ္လင်ထက်သို့ ပင့်ဆောင်ပူဇော်ပြီးဩဝါဒဆရာတော်ကြီးမှားမှ ဘုရားအနေဂဇာအခမ်းအနားကိုဝန်ကြီးချုပ် ဦးမောင်ကို ၊အလယ်ပိုင်းတိုင်စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊မြိုတော်ဝန်နှင့်ဝန်ကြီးများ၊ဖြဂေါပကအဖွဲ့ဝင်များအလှူရှင်များနှင့်တာဝန်ရှိသူများတက်ရောက်ကြည်ညိုခဲ့ကြပါသည်။

အောင်တော်မူဘုရားကြီးအား မျက်နှာသစ်တော်ရေကပ်လှူပူဇော်ပုံ

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်

ဘုရားများလမ်းညွှန်

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top