ဘုရားဖူးလမ်းညွှန်

အောင်တော်မူဘုရားသို့လမ်းညွှန်

မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရားတည်ရှိနေရာမှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၃လမ်း၊ ၂၉လမ်းထောင့်၊အကွက်(၈၀၈) တွင် တည်ရှိပါသည်။ဘုရား၏ အရှေ့ဘက်တွင် (၆၃)လမ်းမကြီး၊ အနောက်ဘက်တွင် (၆၄)လမ်းမကြီး၊ တောင်ဘက်တွင် (၂၉)လမ်း၊ မြောက်ဘက်တွင် (၂၈)လမ်းမကြီး တည်ရှိပါသည်။ဘုရား၏ ဘွဲ့တော်မှာ “မဟာလောကရန်နှိမ်” “လောကသုံးပါးတွင် ရန်အပေါင်းကိုနှိမ်နှင်းအောင်မြင်တော်မူသည့် မြတ်စွာဘုရား” ဟု အဓိပ္ပါယ်ရသည်။ “အောင်တော်မူဘုရား” ဟု အမည်တွင် ထင်ရှားသည်။ဘုရားဝင်းအကျယ်မှာ ယခုလက်ရှိ ဧရိယာ(၁.၅၇၅)ဧက ဖြစ်ပါသည်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်

ဘုရားများလမ်းညွှန်

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top