ငလျင်မှတ်တမ်းများ

၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်မှတ်တမ်းများ (ကုသိုလ်တော်)

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကုသိုလ်တော်ဘုရား အောင်မြေသာစိမြို့နယ် မန္တလေးသို့ မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ကျွန်းတံခါး၊ ဓမ္မစေတီမုခ်ဉီးများ ကြည့်ရူလမ်းညွှန်မှု မှတ်တမ်း (၁၉.၄.၂၀၂၅)

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားသို လာရောက်ဖူးမျှော်ပြီးမန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးသွားသော မုဒ်ဦးနှင့် ဓမ္မစေတီများ ကြည့်ရှုပြီးရှေးမူမပျက်စနစ်တကျပြုပြင်ရန်လမ်းညွှန်းခဲ့ပါသည်။

ရတနာပုံမြိုတည်နန်းတည်
ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားတော်မူသည့် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရား မဟာရံတံတိုင်းအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် မုခ်ဦး နှင့် ကျောက်စာ ဓမ္မစေတီတော်များ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
မန္တလေး၊ ဩဂုတ် ၆
ရတနာပုံ မြိုတည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားတော်မူခဲ့သည့် အောင်မြေသာစံမြိုနယ် မဟာ လောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရား မဟာရံတံတိုင်း အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် မုခ်ဦး နှင့် ကျောက်စာ ဓမ္မစေတီတော်များ ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မဟာလောကမာရဇိန်စေတီကုသိုလ်တော်မြတ်စွာဘုရားတွင်ကျင်းပသည်။
အခမ်းအနားသို နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်း ဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ၎င်းတို၏ဇနီးများ၊ ခရိုင်/မြိုနယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြ ပြီးနောက် နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ထံက ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အဖွဲက ဆရာတော်များထံ သင်္ကန်းများနှင့် နဝကမ္မဝတ္ထု ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် အလှူငွေများ လှူဒါန်းခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်ဒေါက်တာနိုင်ထွဋ်အောင် နှင့်ဇနီးဒေါက်တာဝေဝေရင်(ကွန်းခိုရာဖောင်းဒေးရှင်း)မိသားစုက လှူဒါန်း သည့် အလှူငွေကျပ်(၄၅၀၀)သိန်းကို အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံသိုလည်းကောင်း၊ အလှူရှင်များဖြစ် သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုက အလှူငွေကျပ် (၆၀) သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး မိသားစုက အလှူငွေ ကျပ်(၃၀)သိန်း၊ စီးပွားရေးရာဝန်ကြီးနှင့်ဇနီး မိသားစုက အလှူငွေကျပ် (၂၀)သိန်း၊ သယံဇာတရေးရာဝန်ကြီးက အလှူငွေကျပ် (၅၀)သိန်း၊ လူမှု ရေးရာဝန်ကြီးနှင့်ဇနီး မိသားစုက အလှူငွေကျပ် (၃၀)သိန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့်ဇနီး မိသားစုက အလှူငွေကျပ် (၁၀)သိန်း၊ တိုင်း ရင်းသားရေးရာဝန်ကြီးနှင့်ဇနီး မိသားစုက အလှူငွေကျပ် (၅)သိန်း၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်ဇနီး မိသားစုက အလှူငွေကျပ် (၁၀)သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ အတွင်းရေးမှူးနှင့်ဇနီး မိသားစုက အလှူငွေ ကျပ်(၃၀)သိန်း၊ ရန်ကုန်စတိုးနှင့်အေးရိပ်မွန်အော်ဂဲနစ် မိသားစုက အလှူ ငွေကျပ် (၅၀)သိန်း၊ ဧဝရတ်ရွှေပန်းတိမ် ရွှေဆိုင်မိသားစုက အလှူငွေကျပ် (၃၅)သိန်း၊ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၂)မိသားစုကအလှူငွေကျပ်(၂၅)သိန်း ၊ KT ဆောက်လုပ်ရေး နှင့် ဒေါ်သီ သနပ်ခါး မိသားစုတိုက အလှူငွေကျပ် (၁၅)သိန်း၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် အလှူရှင်များမှလှူဒါန်းငွေများကို လှူဒါန်း ရာ မဟာလောကမာရဇိန်ဘုရားဂေါပကအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီးနောက်ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကေသဝ ထံက လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူကြ၍ ရေစက်သွန်းချ အမျှအတမ်း ပေးဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ယနေ့ လှူဒါန်းမှုတွင် အလှူရှင်များမှလှူဒါန်းငွေ စုစုပေါင်းကျပ်(၄၉၈၅)သိန်း လှူဒါန်းခဲ့ကြောင်း နှင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံရပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ်လူသိများထင်ရှားသော မဟာလောကမာရဇိန်စေတီကုသိုလ် တော် မြတ်စွာဘုရား မဟာရံတံတိုင်းအတွင်း ဗုဒ္ဓပိဋကတ်တော်များ (သုတ္တန်၊ ဝိနယ၊အဘိဓမ္မာ)ကို ကျောက်ထက်အက္ခရာတင်ထားသည့် ကျောက်စာချပ် ပေါင်း(၇၂၉)ချပ် ရှိကြောင်း သတင်းရရှိသည်။
(မန္တလေးနေ့စဉ်)

၂၈.၃.၂၀၂၅ ရက်နေ့တွင်လှုပ်ခတ်ခဲ့သော  မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ဓမ္မစေတီတော်များ ပြုပြင်ရန်အတွက် မန္တလေးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးက ငွေကျပ် (၁၀၃၅၀၀၀၀၀) အလှူငွေပေးအပ်ပွဲ အခမ်းအနား

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top