အောင်တော်မူဘုရား သမိုင်းများ > ဘုရားသမိုင်း မန္တလေးမြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ဆက်သွယ်ရန် ဤစာမျက်နှာတွင် အောင်တော်မူမြတ်စွာဘုရားသမိုင်းကြောင်းလေ့လာလိုသူများလေ့လာနိုင်ပြီး၊လာရောက်လည်ပတ်လိုသူများအတွက်အထောက်အကူဖြစ်စေရန် ဘုရားဖူးလမ်းညွှန်များ၊ ဘုရားအနီးဝန်းကျင်ရှိ ဖူးမျော်လေ့လာရန်နေရာများ၊ မြေပုံများကို အောက်တွင်ထည့်သွင်းပေးထားပါသည်။ ဘုရားသမိုင်း “မဟာလောကရန်နှိမ်”နှင့်“လောကတန်ဆောင်”စေတီတို့မှာထိုခေတ်က ရန်အမျိုးမျိုးပေါ်ပေါက်သဖြင့် ရန်အမျိုးမျိုးနှိင်နှင်းအောင်မြင်ရန် ယတြာသဘောဖြင့် ခုနှစ်ထောက်ဘုရားများတည်ခဲ့သည်ဟုအဆိုရှိသည်။ မန္တလေးမြို့လူထုက “အောင်တော်မူဘုရား”ဟုခေါ်တွင်ကြသည်။ မန္တလေးမြို့တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား နံနက်အရုဏ်တက်တိုင်းမျက်နှာတော်သစ် အစဥ်အလာရှိခဲ့သည့် နည်းတူမဟာမြတ်မုနိကဲ့သို့ မျက်နှာတော်သစ်ဖူးမြှော်ရသော ဘုရားတစ်ဆူမှာ ဤ”မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား”ဖြစ်သည်။ ဤ”မဟာလောကရန်နှိမ်စေတီတော်”ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်၊ အောင်တော်မူရပ်၌တည်ရှိပါသည်။ လမ်း(၂၉)နှင့် (၆၃)လမ်းအတွင်း ရှိသည်။ ဖတ်ရှုရန် အောင်တော်မူမြတ်စွာဘုရားတည်နေရာ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရားတည်ရှိနေရာမှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၃လမ်း၊ ၂၉လမ်းထောင့်၊အကွက်(၈၀၈) တွင် တည်ရှိပါသည်။ ဘုရား၏ အရှေ့ဘက်တွင် (၆၃)လမ်းမကြီး၊ အနောက်ဘက်တွင် (၆၄)လမ်းမကြီး၊ တောင်ဘက်တွင် (၂၉)လမ်း၊ မြောက်ဘက်တွင် (၂၈)လမ်းမကြီး တည်ရှိပါသည်။ မန္တလေး မြို့သမိုင်း မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမမြောက်ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက် သည့် ကြားမှ စ တင်တည်ထောင်ခဲ့သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထက် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။ ယခင်က “ရတနာပုံ” ဟုအမည်တွင်ခဲ့ပြီး နောင်အခါ … ဖတ်ရှုရန် အခြားဖတ်ရှုနိုင်သောဘုရားများ မန္တလေးတောင်တော် မန္တလေးမြို့ရှိ မန္တလေးတောင်နှင့် ဆိုင်ရာအကြောင်းအရာများနှင့် ဘုရားဖူးလမ်းညွှန်များကိုသိလိုပါက ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။ ဖတ်ရှုရန် ကုသိုလ်တော်ဘုရား မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား ဆိုင်ရာအကြောင်းအရာများနှင့် ဘုရားဖူးလမ်းညွှန်များကိုသိလိုပါက ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။ ဖတ်ရှုရန် မဟာမုနိဘုရားကြီး မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားနှင့် ဆိုင်ရာအကြောင်းအရာများနှင့် ဘုရားဖူးလမ်းညွှန်များကိုသိလိုပါက ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။ ဖတ်ရှုရန် ရွှေသိမ်တော်ဘုရား ကျောက်ဆည်မြို့ရှိ ရွှေသိမ်တော်ဘုရားကြီးနှင့် ဆိုင်ရာအကြောင်းအရာများနှင့် ဘုရားဖူးလမ်းညွှန်များကိုသိလိုပါက ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။ ဖတ်ရှုရန် အခြားဘုရားများ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဘုရားများလမ်းညွှန် ပင်မစာမျက်နှာ ဘုရားများ အောင်တော်မူဘုရားဆိုင်ရာ အဓိကစာမျက်နှာ ဘုရားသမိုင်း မြို့သမိုင်း ဘုရားဖူးလမ်းညွှန် ဖူးမြော်ရန်နေရာများ ပွဲတော်များ ဆက်သွယ်ရန် Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved