ဗုဒ္ဓအဆုံးအမများ

ဂန္ဓကုဋိတိုက်တော် တည်ဆောက်ရန် ကော်မတီအသီးသီးဖွဲ့စည်းခြင်း

မြေသန့်မဟာမင်္ဂလာ ဆောင်ရွက်မှု ၁၃၅၉ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ (၁၂-၁၁-၁၉၉၇)

ကုန်းတော်တွင် ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မဟာမင်္ဂလာ  ၁၃၅၉ခု၊ တန်ဆောင်မုန်း လဆန်း   ၁၃ ရက်၊ (၁၂-၁၁-၁၉၉၇)

ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ ၁၃၅၉ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊  (၂၂-၁၁-၁၉၉၇)

သတ္တဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာ ၁၃၆၀ ပြည့်၊ တော်သလင်းလပြည့်ကျော်
            ၁၄ ရက်၊ (၁၉-၉-၁၉၉၈)

ကွမ်းတောင်ဌာပနာ၊ အလယ်ဌာပနာ၊ အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာ ၁၃၆၁ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်၊ (၄-၈-၁၉၉၉)

–         ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
          –         နဟိပဗ္ဗဇိတော ပရူပဃာတီ၊ နသမ‌ဏော ဟောတိပရံ ဝဟေဋ္ဌ ယန္တော၊
          –         ဗုဒ္ဓ၏အဆုံးအမများ များစွာရှိပါသည်။ တရားဟောဆရာ (ရဟန်း၊ သံဃာ၊ ဓမ္မကထိက) ပုဂ္ဂိုလ်များဟောကြားခဲ့မှု များစွာရှိပါသည်။ အချို့သော လူပုဂ္ဂိုလ် ဓမ္မကထိကများ သည်ပင်လျှင် ဘုရားဟောအဆုံးအမများကို အချိန်အခါ၊ ကာလဒေသနှင့် ကိုက်ညီစွာ ဟောကြားသည်များ ရှိပါသည်။ မည်သည့်ပုဂ္ဂိုလ်များ ဟောကြားစေကာမူ ဘုရားဟောတရားတော်ကို ကိုးကား၍သာ ဟောပြောကြရပါသည်။ ဘာသာတရား ကွဲပြားခြားနားသော်လည်း လိုရင်းအဓိက အချက်ကို ဆွဲထုတ်ကြည့်ပါက အတူတူပင်ဖြစ်ပါလိမ့်မည်။
                    ထို့‌ကြောင့် ယနေ့ဗုဒ္ဓ၏ အဆုံးအမများအနက် အဓိကကျသော ဆုံးမမှုကို ရေးသားတင်ပြ ရလျှင် နေ့စဉ်မိမိတို့ ဘုရားရှင်ရှေ့တွင် ရှိခိုးနေသည့်စာသားတွင် ပါရှိသော (၅)ပါးသီလဆောက်တည် ခြင်းပင် ဖြစ်သည်။  အခြေခံအကျဆုံးနှင့် လူသားတို့လိုက်နာကျင့်ကြံရန် မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောကြားခဲ့သော၊ ကျင့်သုံးခဲ့သော၊ ဆောက်တည်ခဲ့သော (၅)ပါးသီလပင်ဖြစ်ပါသည်။
          ရှောင်ကြဥ်ရမည့်အချက်(၅)ချက်
          –         သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
          –         သူတစ်ပါး၏ ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
          –         သူတစ်ပါး၏ သားမယား၊ အိမ်ရာကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
          –         လိမ်လည်လှည့်ဖြား မုသား‌ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
–         မေ့‌လျော့ခြင်း၏ အကြောင်းဖြစ်သော မူးယစ်စေသော သေရည်၊ သေရက် ၊ မူးယစ်ဆေးဝါးတို့ ကိုသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါသည်။
ဖော်ပြပါ အချက်(၅)ချက်တို့ကို ရှောင်ကြဉ်မည်ဆိုပါက ဘေးဥပါဒ် အန္တရာယ်မှ ကင်းစင် လွတ်မြောက်၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေနိုင်မည်။ ထို့အပြင်ကုသိုလ်(၃)မျိုး ကိုလည်း ပွားများခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များ ယုံကြည်ရာ နိဗ္ဗာန်ဘုံကို ရောက်မည်ဖြစ်ပါ သည်။
          ပြုကျင့်ရမည့်ကုသိုလ်အချက်(၃)ချက်
          –         ဒါနကုသိုလ် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း ၊
          –         သီလကုသိုလ် ကာယကံ ၊ ဝစီကံ၊ မနောကံမှုကို မကျူးလွန်မိ‌အောင် စောင့်ထိန်းခြင်း၊
          –         ဘာဝနာကုသိုလ် ကျင့်ကြံပွားများ တရားအားထုတ်ခြင်းဖြစ်ပါသည်။
          သို့ဖြစ်ပါ၍ ဗုဒ္ဓ၏ အဆုံးအမများစွာ ရှိသည့်အနက် ရှောင်ကြဉ်ရမည့် (၅)ချက်နှင့် ပြုကျင့်ရမည့် အချက်(၃)ချက်ကို ထုတ်နုတ်တင်ပြပါမည်။ အသိ၊ သတိကိုလည်း မမေ့သင့်ပါ။ ဘုရားဟောဆုံးမတော်များ အနက် လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။    
          (ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။)              
          ဩဝါဒပါတိမောက်စေတီ

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top