ပန်း(၁၀)မျိုး

ဆင်းရာတက်ရာမင်္ဂလာအထူးစောင်းတန်းဦး၌ လှမ်းကြွခုန်ပေါက် ဟောက်တော့မည့်ဟန် သဏ္ဏာန် လွန်ကြီး နှစ်စီးပြိုင် ခြင်္သ့ကြီးများကို ဉီးစွာတွေ့ရမည် ဖြစ်သည်။ အရှေ့တောင်စောင်းတန်းအတိုင်း တက်လျင် ဓါတ်တော်တိုက်ဘုရားကြီးအား ဖူးတွေ့ရမည်ဖြစ်သည်။ ဓါတ်တော်တိုက်ဘုရားကြီး၏ ကိုးခန်း ပတ်လည် အာရုံခံမျက်နာကျက်တို့တွင် တေမိရဇာတ်တော်လာ ဆေးရေးပန်းချီကားများကိုတွေ့ရမည် ဖြစ်သည်။ ထိုမှတဆင့် စောင်းတန်းအတိုင်း အထက်သို့တက်လျင် မြတ်စောညီနောင်ဘုရားကို ဖူးတွေ့ရမည် ဖြစ်သည်။ မြတ်စောညီနောင်ဘုရားတွင် ရှေးက မှန်စီရွှေချ အစစ်လက်ရာများကို တွေ့ရမည်ဖြစ်သည်။ ထိုမှ အထက်သို့ ဆက်တက်လျင် စန္ဓမုခိ မယ်တော်ကြီးဘုရား။ဆုတောင်းပြည့်ဘုရားတို့ကို ဖူးတွေ့ရမည် ဖြစ်သည်။ ထိုဘုရားနှစ်ဆူတွင် ကိုးခန်းပတ်လည် အာရုံခံအဆောက်အဦးများအား မှန်စီဆေးသွင်း လက်ရာ၏များဖြင့် တွေ့နိုင်မည်ဖြစ်သည်။ အထက်စက်တော်ရာ အနောက်ဘက်နားတွင် ရှင်ပင်ဘုရားကြွသွားနိဗ္ဗာန်စံတော်မူ ရာ မာလာဂနိုင် အင်ကြင်းမြိုင်တွင် ကိုးရပ်ကိုးခန်းတြင်းဖန်လျက် နဝင်းလမ်းမျှော် ပတ်လည်ပေါ်သော တိုက် တော်ခန်းနား လွန်ကြီးမားလျက် အများပူဇော်ရန်အလို့ငှါ  ကုဿိန္နာရုံရွှေဘုံနိဗ္ဗာန်စံတော်မူရာ ဌာနတွင် အင် ကြင်းပန်းပင်၊အင်ကြင်းပန်းပွင့်၊ကျေးဌက်သာရကာများ၏ လက်ရာများသည် ထူးကဲစွာ တင့်တယ်လွန်း လှသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top