ပွဲတော်များ

(၁၇-၁၂-၂၀၁၃)ရက်နေ့နှင့် (၅-၇-၂၀၂၂)ရက်နေများတွင် နှစ်ကြိမ်ပူဇော်ကျင်းပပြုလုပ်ခြင်း။

မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရား စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူး‌‌တော်၊ ငှက်မြတ်နားတော် အထွဋ်တင်လှူခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ မုခ်လေးမုခ်အတွင်းရှိ ဘုရားလေးဆူအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်း။

မန္တလေးတောင်တော်ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ပေါ်တွင် ၂၀၁၄-ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၇၅)ခုနှစ်မှစ၍ တပေါင်းလမြည့်နေ၌ နှစ်စဥ်နှစ်တိုင်း ဆွမ်းဆန်စိမ်းလောင်းလှူခြင်း။

မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ပေါ်၌ တစ်နှစ်လျှင်(၃)ကြိမ် အသံမစဲမဟာပဌာန်းပွဲ ကျင်းပပြုလုပ်ခြင်း။

မန္တလေးတောင်ခြေ မင်းတုန်းမင်းတရားကြီး စိုက်ပျိုးခဲ့သော ဗောဓိညောင်ပင်အား ကဆုန်လပြည့်နေ့တွင် နှစ်စဉ်နှစ်တိုင်း (၂၀၁၃)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၇၆)ခုနှစ် မှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခြင်းနှင့် ဘုရားဖူးလာပြည်သူများအား စတုဒိသာ ဧည့်ခံကျွေးမွေးခြင်း။

မန္တလေးတောင်ပေါ်နှင့် မန္တလေးတောင်ခြေတို့တွင် နှစ်သစ်ကူးအခါသမယနှစ်ဆန်း(၁)ရက်နေ့များတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခြင်း။

မန္တလေးတောင်တော်ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ပေါ်၌ (၂၀၁၃)ခုနှစ်၊ မြန်မာသက္ကရာဇ်(၁၃၇၆)ခုနှစ်မှစ၍ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခြင်း။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top