မန္တလေးမြို့သမိုင်း


မန္တလေးမြို့ကို ခရစ်နှစ်(၁၈၅၇)ခုနှစ်၊ကုန်းဘောင်မင်းဆက် (၁၁)ဆက်တွင် ဒဿမမြောက် မင်းဖြစ်သော မြန်မာဘုရင်မင်းတုန်းမင်းမှ စတင်တည်ထောင်ခဲ့ပါသည်။ မန္တလေးသည် (၁၈၈၅)ခုနှစ် သီပေါမင်းလက်ထက်မှ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။ ယခင်က ရတနာပုံဟု အမည်တွင်ခဲ့ပြီး နောင်အခါတွင် မန္တလေးတောင် ကို အစွဲပြု၍ မန္တလေးဟု အမည်ပေးခဲ့လေသည်။ မန္တလေးသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ရန်ကုန်မြို့မှ ၃၈၅မိုင်ကွာဝေး၍ ဧရာဝတီမြစ်အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက်တွင် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော်ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး ယခင်မန္တလေးခရိုင်၊(မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊အမရပူရခရိုင်) တို့၏ ရုံးစိုက်ရာ မြို့ဖြစ် သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့ သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့စုဝေးရာ ဒေသလည်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန် စည်ပို့ဆောင်ရေးတို့တွင် အချက်အခြာကျသည်။
မန္တလေးမြို့သည် ခေတ်(၃)ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျှက်ပင်ရှိသည်။ နှစ်(၁၀ဝ)အတော အတွင်း မန္တလေးမြို့တွင် ဒုတိယကမ္ဘာစစ်နှင့် မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့ သော်လည်း အသစ်ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော် ဖြစ်ခဲ့သည့်အလျှာက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြားကျန်ရစ်ခဲ့သဖြင့် မန္တလေး သည် ယဉ်ကျေးမှုမြို့တော်ဟုလည်း ပြောနိုင်ပါသည်။
မန္တလေးမြို့သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အုပ်ချုပ်မှု နယ်နိမိတ်တွင် တည်ရှိပြီး မြို့နယ်(၆)ခု ပါရှိခဲ့ပါသည်။ မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အမရပူရ မြို့ဟောင်းတွင်လည်း အမရပူရနန်းတော်၊ သပြေတန်းခံတပ်၊ တောင်သမန်အင်း၊ ဦးပိန်တံတား၊ မယ်ဇယ်တန်း၊ တောင်လေးလုံး ကျောင်းတိုက်၊ ဗားကရာဘုန်းကြီးကျောင်း၊ ဆောင်းဒါးရက္ကန်းကျောင်း၊ ကျောက်တော်ကြီး ဘုရား၊ အမရပူရနှင့် ရတနာ့ဂူတို့သည် အဓိကနေရာအဖြစ်လည်း တည်ရှိနေပါသည်။
မန္တလေးမြို့တည်နေရာ
Developed by Myanmar Institute of Information Technology, Mandalay, Myanmar. © Copyright 2024 All rights reserved