ဖူးမြော်လေ့လာရန်နေရာများ

ကျောက်တော်ကြီးဘုရား၏ အရှေ့ဘက်မုခ်ဦးရှိ၍ ထိုမုခ် ဦးမှ ဝင်ရောက်ခဲ့လျှင် သုဓမ္မာဇရပ်တော်နှင့်ပဌာန်းဟောသိမ်တော်ကြီးနှစ်ဆောင်၏ အလယ် မှ “စနုဆောင်”ကို ဖြတ်သန်းကြရပါသည်။ စနုဆောင်မှဆက်လက် ဝင်ရောက်လာပါက ရတနာပုံခေတ် မူလမုခ်ဦးသိုရောက်ရှိကာ အနောက်အရပ်တည့်တည့်ရှိ ကျောက်တော်ကြီး ရုပ်ပွားတော်မြတ်ကို စတင်ဖူးမြင်ရပေပြီ။ ရတနာပုံခေတ်မုခ်ဦးကြီးမှ ဆက်လက်ဝင်ရောက်လာပါက အရှေ့ဘက် စောင်းတန်းဖြစ်သော “ပုရိမရတနာ” စောင်းတန်းတော်ကြီးသို ဝင်ရောက်လာပါသည်။ ဆက်လက်ဝင်ရောက်ခဲ့ပါက ရုပ်ပွားတော်ကြီး ကိန်းဝပ်တော်မူရာ ဂန္ဓကုဋိတိုက်တော်ကြီးအား ဝန်းရံထားသည့် ရွှေကျောင်းတော်ကြီးအတွင်းသို ရောက်ရှိကာ ထိုမှတစ်ဆင့် ရုပ်ပွားတော်ကြီး ရှေ့တူရှုသို ရောက်ရှိပါတော့သည်။

         ထိုမှဆက်လက်၍ လျှောက်လှမ်းလာခဲ့ပါက ဂန္ဓဋိတိုက်တော်အတွင်းမှ ကျောက်တော်ကြီးရုပ်ပွားတော်မြတ်၏ လက်ယာတောင်အရပ်တည့်တည့်တွင် “ဒက္ခိဏ ရတနာ” တောင်ဘက်စောင်းတန်းတော်ကြီးရှိပါသည်။ ထိုမှတစ်ဆင့် နှစ်ကျိတ်ရှစ်ဆူဘုရားရုပ်ပွားတော်များကို ဦးတင်၍ ဆက်လက်‌ လျှောက်လှမ်းခဲ့ပါက မဟာသကျမာရဇိန်ကျောက်တော်ကြီး ရုပ်ပွားတော် နောက်ကျော တည့်တည့်တွင် ရပ်တော်မူရုပ်ပွားတော်ကြီးတည်ရှိပါသည်။

           ရပ်တော်မူရုပ်ပွားတော်မြတ်ကြီး၏ အနောက်ဘက် ရွှေကျောင်းတော်ကြီး၏ ဝဲယာတွင် ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ “ပါဒစေတီ” နှစ်ဆူ ကိန်းဝပ်ပါသည်။ ထိုနေရာသည် ပစ္ဆိမရတနာစောင်းတန်းထိပ်ဦးတွင် တည်ရှိ၍ ထိုစောင်းတန်းတော်ကြီးတွင် ဈေးဆိုင်ခန်း (၁၄)ခန်း ဖွဲစည်းထားရာ အသားပန်းပုပညာရှင်များ၏ ဗုဒ္ဓရုပ်ပွားတော်နှင့် အခြားသော မြန်မာမှုလက်ရာများကို လက်တွေ့လုပ်ဆောင်၍ ရောင်းဝယ်ဖောက်ကားရာ စောင်းတန်း ဖြစ်ပေသည်။ စောင်းတန်း၏အနောက်ဘက်တွင် “သစ္စာသက်ကယ်”ဆင်းတုတော် ကိန်းဝိပ်ရာ ဓမ္မဗိမာန်၊ မင်္ဂလာအောင်မောင်းတော်ကြီး၊ ပဉ္စဝဂ္ဂီရဟန်းတိုအား ဓမ္မစကြာ တရားတော်ဟောနေတော်မူပုံနှင့် မုဉ္စလိန္ဒာနဂါးရုံဘုရားများ ဖူးမြော်နိုင်ကြပေသည်။ ၎င်းပြင် ထွက်ရပ်ပေါက်ရဟန်းတော်များ ဗိမာန်၊ ရုက္ခစိုးဘိုးဘိုးကြီး ဗိမာန်များနှင့် တံခွန်တိုင်ကြီး တည်ရှိပါသည်။

           တံခွန်တိုင်ကြီး၏အနောက်ဘက်တွင် ကျောက်တော်ကြီးရုပ်ပွားတော် ပင့်ဆောင်စဉ်ကပင် တပါတည်းပါဝင်လာခဲ့သော “လိုတရ” ကျောက်သပိတ်တော်ကြီးနှင့် ရပ်တော်မူ “ဝဋ်ကြွေးတော်ပြေ” ရုပ်ပွားတော်နှင့် “ရန်ကြွေးတော်ပြေ” ရုပ်ပွားတော် နှစ်ဆူ အပြင် “မာန်ကြွေးတော်ပြေ” ထိုင်တော်မူ ဆင်းတုတော်များ ကိန်းဝပ်ရာ ဗိမာန်တော်ကြီး တည်ရှိပါသည်။

ဝဋ်ကြွေးတော်ပြေ၊ ရန်ကြွေးတော်ပြေ၊ မာန်ကြွေးတော်ပြေ ဘုရား
                                                  နဂါးရုံဘုရား                                                                                                       မင်းတုန်းမင်းကြီးလှူဒါန်းခဲ့သော ရှေးဟောင်းထီးတော်ကြီး
                        ရွှေစောင်းတန်း                                                       ငွေစောင်းတန်း                                                            နီလာစောင်းတန်း                                              ပတ္တမြားစောင်းတန်း                         
                             နှစ်ကျပ်ရှစ်ဆူဘုရား                                                                                                                  ရှင်ဥပဂုတ္တမထေရန်မြတ်ကျောင်းဆောင်

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top