ပုဂံမြို့၏သမိုင်း

ပုဂံမြို့၏သမိုင်း

ပုဂံမြို့တော်ကို နေရာလေးနေရာ ရွှေ့ပြောင်းနန်းစိုက်ခဲ့ပြီး မင်းဆက်ပေါင်း (၅၅) ပါး စိုးစံခဲ့ကြောင်း ရာဇဝင်ကျမ်းများနှင့် ကျန်းစစ်သားမင်းနန်းတည် မွန်ကျောက်စာတို့အရ သိရှိ ရပါသည်။ ပထမမြို့ဟောင်းကို သမုဒ္ဒရာဇ်မင်းက ခရစ်နှစ် (၁၀၈)ခုနှစ်တွင် တုရင် တောင်အရှေ့ဘက် ယုန်လွှတ်ကျွန်း အရပ်၌လည်းကောင်း၊ ဒုတိယမြို့ဟောင်း (သီရိပစ္စယာမြို့ဟောင်း)ကို ပုဂံမင်းဆက် (၇)ဆက်မြောက် မင်းက ကျောက်စကားအရပ်၌လည်းကောင်း၊ တတိယမြို့ဟောင်း (တမ္ပဝတီမြို့ဟောင်း)ကို ပုဂံမင်းဆက် (၁၂)ဆက်မြောက် မင်း သိုက်တိုင်မင်းက အနောက်ဖွားစောရွာ၏ တောင်ဘက်၌လည်းကောင်း၊ စတုတ္ထမြို့ဟောင်းကို ပုဂံမင်းဆက် (၃၄)ဆက်မြောက်မင်း ပျဉ်ပြားမင်းက  နဂါးဗိုလ်အရပ် (ယခု ပုဂံမြို့ဟောင်း)၌လည်းကောင်း ပြောင်းရွှေ့  တည်ထောင် ခဲ့ကြပါသည်။ ကျန်စစ်သားမင်းကြီးမှတ်တမ်းတင်ခဲ့သော ကျောက်စာတိုင်များ၏ ဖော်ပြချက်အရ ပုဂံနန်းတော်ကြီးကို သက္ကရာဇ် (၄၆၄)ခုနှစ်တွင် တည်ဆောက်ခဲ့သော ကြီးကျယ်ခမ်းနား သည့် သစ်သားအဆောက်အအုံဖြစ်ခဲ့ကြောင်း၊ ရွှေဂူကြီးဘုရားမြောက်ဘက် နေရာအပါအဝင် မြောက်ဘက်ကားလမ်းကျော်သည့် နေရာများနှင့် သရပါတံခါးရှိရာ အနောက်တည့်တည့် ပုဂံမြို့အတွင်း အလယ်နေရာတွင် ပုဂံနန်းတော် အဆောက်အအုံရှိနိုင်ပါသည်။ ပုဂံမြို့အတွင်း ရွှေဂူကြီးဘုရားမြောက်ဘက်ရှိ (အောင်မြေကုန်း) နေရာကို ပုဂံနန်းတော်ရာဟု သတ်မှတ်၍ ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာနမှ ၁၉၉၀ ခုနှစ်မှ ၁၉၉၇ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၁၂ခုနှစ်တို့တွင် တူးဖော်သုတေသနပြုခဲ့ပါသည်။

ပုဂံမြို့တည်နေရာ

ညောင်ဦးမြို့သမိုင်း

ညောင်ဦးမြို့ ၏သမိုင်းအကြောင်းကိုလေ့လာလိုသူများလေ့လာစေနိုင်ရန် ညောင်ဦးမြို့သမိုင်းကြောင်းနှင့် ညောင်ဦးမြို့သို့လာရောက်လည်ပတ်နိုင်ရန် တည်နေရာများကို သိလိုဖတ်လိုပါက
အောက်ပါ လင့်ခ် လေးကိုနှိပ်၍ဖတ်ရှုနိုင်ပါသည်။

Developed by Myanmar Institute of Information Technology, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top