ဗုဒ္ဓအဆုံးအမများ
လိုက်နာကျင့်ကြံအားထုတ်ရမည့်ဒေသနာတော်အဆုံးအမများ
“ဩဝါဒပါတိမောက်”
၁။ သဗ္ဗပါပဿအကရဏံ၊ ကုသလဿဥပသမ္ပဒါ
သစိတ္တပရိယောဒပနံ၊ ဧတံဗုဒ္ဓါနံသာသနံ…။
သဗ္ဗပါပဿ = ယုတ်မာသော့ သွမ်း၊ ဟော့ရမ်းသမှု၊ အကုသိုလ်အစုစုကို
အကရဏ = လုံးဝပြောင်စင်အောင် ရှောင်ကြဉ်သမှု မပြုလုပ်ခြင်းသည်
လည်းကောင်း
ကုသလဿ = ကာမမဟဂ္ဂိုတ်၊ လောကုတ်ခေါ်မည်၊ အလီလီပွား
ကုသိုလ်တရားကိုလည်းကောင်း….၊
ဥပသမ္ပဒါ = တစ်ဆင့်ထက်တစ်ဆင့်၊ မြင့်သထက်မြင့်အောင်၊ မလင့်ပုံ
သေပြီးစီးစေခြင်းသည်လည်းကောင်း…၊
သစိတ္တပရိယောဒပနံ = မိမိစိတ်ရင်း၊ ပွတ်သစ်ဝင်းသည့်၊ ခရုသင်းအနေ ဖြူစင်
စေခြင်းသည်လည်းကောင်း…၊
ဧတံ = အကုသိုလ်ကွင်း၊ ကုသိုလ်သွင်း၍ ၊ စိတ်ရင်းစိတ်ရိုး၊
ဤသုံးမျိုးသည်
ဗုဒ္ဓါနံ = ဂင်္ဂါသဲတူ၊ ပွင့်တော်မူသည့်၊ ဆူဆူထွဋ်ထား မြတ်စွာဘုရား
တို့၏….
သာသနံ = လိုရင်းနှုန်းပြ၊ ထုံးအရဖြင့်၊ သုံးကြပါစေ ဆုံးမတော်မူချက်
များဖြစ်ပါပေသတည်း…..။
မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား….။
၂။ ဧတံခေါသရဏံခေမံ၊ ဧတံသရဏမုတ္တမံ
ဧတံသရဏမာဂမ္မ၊ သဗ္ဗဒုက္ခာပမုစ္စတိ…..။
ရတနာသုံးပါး၊ မြတ်ဘုရားနှင့်၊ တရားသံဃာကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သောကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းတို့မှ လွတ်မြောက်၏…။ ။
၃။ ဟန္ဒဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေနသမ္ပာဒေထ….။
ရဟန်းတို့….ယခုအခါ အကျဉ်းအားဖြင့် ငါ၏အလိုတော်ရင်းဖြင့် သင်တို့ကိုမှာ ထားတော်မူ၏၊ ကံ,စိတ်,ဥတု,အာဟာရတည်း ဟူသော အကြောင်းတရားလေးပါးအစုတို့ ပြုပြင်၍ ဖြစ်သမျှသော သင်္ခါရတရားတို့သည် ပျက်တတ်သောသဘောရှိကုန်၏။ သင်တို့ သည် မမေ့မလျော့၊ မပေါ့မလစ်သောသတိတရားဖြင့် ပြည့်စုံကြစေကုန်လော့….။ ။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved