စေတီတော်ကြီး၏သမိုင်း
ကျောက်တော်ကြီးဘုရားသမိုင်း
ကျောက်တော်ကြီးဘုရားရုပ်ပွားတော်မှတ်တမ်း
၁။ ဘွဲ့တော် = မဟာသကျမာရဇိန်
၂။ ဒေသအခေါ် = ကျောက်တော်ကြီးဘုရား
၃။ ဘုရားဒါယကာ = ရတနာပုံမန္တလေးမြို့တည်နန်းတည်
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး
၄။ ဘုရားဒါယိကာမ = စကြာဒေဝီမိဖုရားခေါင်ကြီး
၅။ အမျိုးအစား = သလင်းကျောက်ဖြူဆင်းတုတော်
၆။ ကျောက်အမျိုးအစား = ပထမတန်းဖယောင်းသားသလင်းကျောက်
၇။ ကျောက်အရည်အသွေး = သိပ်သည်းဆ (၂း၇)၊ မာဆင့် (၃)
၈။ ထွက်ရှိရာဌာန = မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်
မတ္တရာမြို့နယ်၊ စကျင်ကျေးရွာရှိ ကာမတောင် (ဝါ)
မြနီလာတောင်တော်ကြီး
၉။ တွေ့ရှိသည့်ခုနှစ် = ကောဇာသက္ကရာဇ်(၁၂၂၆)ခုနှစ်၊
ခရစ်နှစ်(၁၈၆၄)ခုနှစ်
၁၀။ ဦးစီးပင့်ဆောင်သူများ = အိမ်ရှေ့ဥပရာဇာကနောင်မင်းသားကြီး၊
ယောမင်းကြီး ဦးဘိုးလှိုင်တို့ ဦးစီးသော ရတနာပုံ
မြို့သူမြို့သား (၁၂၀၀၀)ကျော်
၁၁။ မန္တလေးမြို့တော်သို့ = ကောဇာသက္ကရာဇ် (၁၂၂၆)ခုနှစ်၊ ဝါခေါင်လပြည့်
ရောက်ရှိသည့်ရက်စွဲ ကျော် (၂)ရက် (၁၉-ဩဂုတ်-၁၈၆၄)
၁၂။ ပင့်ဆောင်ရက် = မင်းတဲအီကင်းဆိပ်ကမ်းမှ ပလ္လင်သို့ အရောက်
(၁၃)ရက်ကြာမြင့်သည်။
၁၃။ ထားရပ်ပလ္လင်ပေါ်သို့ = ကောဇာသက္ကရာဇ်(၁၂၂၆)ခုနှစ်၊
ရောက်ရှိသည့်ရက်စွဲ တန်ဆောင်မုန်းလဆန်း(၂)ရက်(၃၀-အောက်တိုဘာ- ၁၈၆၄)
၁၄။ ထုလုပ်ပြီးစီးသည့်ရက်စွဲ = ကောဇာသက္ကရာဇ်(၁၂၂၇)ခုနှစ်၊
ကဆုန်လပြည့်ကျော် (၇)ရက် (၁၆-မေ-၁၈၆၅)
၁၅။ ပင့်ဆောင်ကိန်းဝပ်သောနေရာ= မန္တလေးတောင်ခြေရှိ (၄.၅)ဧက ကျယ်ဝန်းသော
ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက်တော်
၁၆။ အလေးချိန် = ပိဿာချိန် (၅၅၂၁၂၅)ပိဿာ (မန်း,မြတ်,ကျော်,ဦး,
ကျောက်,မြတ်,ထူး “ထူး”ကိုပယ်နှုတ်၊ ဂဏန်းလုပ်)
အတိုင်းအတာ = (ရှေးခတ်)
၁။ အဝန်း = (၂၈)တောင်၊ (၂)မိုက်၊ (၄)သစ်
၂။ ခါးတော်အဝန်း = (၁၀)တောင်၊ (၂)မိုက်၊ (၄)သစ်
၃။ ရင်ဖွင့်တော်ဝဲယာပခုံးစွန်း = (၈)တောင်
၄။ စမ္မခဏ်အဝန်း = အတောင် (၂၀)
၅။ ဦးခေါင်းတော်အဝန်း = (၁၃)တောင်
၆။ ထက်ဝယ်တော်ဝဲယာအပြန့် = (၁၂)တောင်
၇။ ဉာဏ်တော်အမြင့် = (၁၇)တောင်၊ (၁)မိုက်၊ (၄)သစ်
အတိုင်းအတာ = (ယနေ့ခေတ်ကာလ)
၁။ ဉာဏ်တော်အမြင့် = (၂၆)ပေ (၆)လက်မ
၂။ ဦးခေါင်းတော်အဝန်း = (၁၉)ပေ (၆)လက်မ
၃။ ရင်ဖွင့်တော်အဝန်း = (၃၀)ပေ
၄။ ပခုံးစွန်းအပြန့် = (၁၂)ပေ
၅။ ခါးတော်အဝန်း = (၁၆)ပေ
၆။ ထက်ဝယ်တော်အဝန်း = (၄၄)ပေ
၇။ ဒူးစွန်းအပြန့် = (၁၈)ပေ
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved